ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေ သမ္မတလက်မှတ်ထိုး အတည်ပြု


2016.04.06
dassk-sakaing-trip-620.jpg နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားမယ့် ဥပဒေကြမ်းကို သမ္မတဦးထင်ကျော် က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို မနေ့ကပဲ သမ္မတက လက်မှတ်ထိုးလိုက်တာလို့ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီဥပဒေကြမ်းကို လွှတ်တော်မှာ မဲခွဲစဉ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဆိုတဲ့ စာသား အစား နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေလို့ ပြောင်းလဲဖို့ အချက်အပါအဝင် အချက်တချို့ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပြင်ဆင်ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီဥပဒေကြမ်းကို NLD လွှတ်တော်အမတ်အများစုနဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော်နှစ်ရပ်လုံးမှာ မဲခွဲအနိုင်ရရှိပြီးနောက် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။