ဒေါ်အောင်ဆန်းစုကြည် ကုလ ညီလာခံ တက်ရောက်မှာ မဟုတ်
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဒီလကုန်ပိုင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘူးလို့ သိရ ပါတယ်။
-
2018-09-13 -
-
-
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: YE AUNG THU / AFP
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဒီလကုန်ပိုင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဟနွိုင်းမြို့က ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲကို ရောက်ရှိနေတဲ့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ဗုဒ္ဓဟူးနေ့ မနေ့က အဲဒီလို ပြောကြားခဲ့တာပါ။ မနှစ်က ကျင်းပတဲ့ ကုလ အထွေထွေညီလာခံကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဒီအတောအတွင်း ဟနွိုင်းမြို့ နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။