စကုမြို့က ဒေသခံတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


2015.08.10
dassk-saytoktaya-620.jpg မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့မှာ ရေဘေးဒုက္ခသည်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆန်အိတ် ၅ဝဝ လှူဒါန်းပြီးနောက် မိန့်ခွန်းပြောကြားစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အဆိုး၊ အကောင်းကို ပါတီကတာဝန်ယူမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မကွေးတိုင်းဒေသကြီး စကုမြို့က အာဇာနည်ကျောက်တိုင်မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့တာ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်တာဖြစ်ပါတယ်။

"ကျမတို့ ကိုယ်စားလှယ်နာမည်တွေကို မကြည့်ပါနဲ့ အဖွဲ့ချုပ်ရဲ့ တံဆိပ်ကိုပဲကြည့်ပြီးတော့ မဲပေးပါ၊ ဒီကိုယ်စားလှယ်တွေ အားနည်းချက်ရှိရင် ပြည်သူမကျေနပ်စရာလုပ်လို့ရှိရင် ကျမတို့ပဲထိန်းပေးပါ့မယ်၊ ကျမတို့ပဲ ဆုံးမပါ့မယ်၊ ကျမတို့တင်လိုက်တဲ့ ကိုယ်စားလှယ်တွေအတွက် တာဝန်ခံပါတယ်၊ သူတို့ဆိုးတာ၊ ကောင်းတာကို ကျမတို့တာဝန်ယူပြီးတော့ လုပ်သင့်တာကို လုပ်ပါ့မယ်၊ ပြည်သူရဲ့တာဝန်ကတော့ ကျမတို့ရဲ့တံဆပ်ကိုပဲကြည့်ပါ၊ လူကိုမကြည့်ပါနဲ့လို့"

အခုချိန်မှာ ပြည်သူတွေရဲ့တာဝန်ဟာ ရွေးကောက်ပွဲမှာ မဲပေးဖို့နဲ့ မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ မိမိတို့အမည် ပါ၊ မပါကို သွားရောက်စစ်ဆေးကြဖို့၊ မပါခဲ့ရင် ဖြည့်စွက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပွင့်ဖြူမြို့က ရေဘေးဒုက္ခသည်တွေအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ ဆန်အိတ် ၃၀၀၊ စေတုတ္တရာမြို့နယ်ဓမ္မာရုံမှာ ခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၅၀၀ လှူဒါန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေမှာ ပြည်မြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး  မဝေယံမိုးမြင့်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။