နိုင်ငံတော် အတိုင်ပင်ခံ ရန်ကုန်တက္ကသိုလ်ကို သွားရောက်


2017.07.20
dassk-ygn-university-620.JPG နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၂ဝ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကို သွားရောက်စဉ်
Photo: Htet Arkar/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်တက္ကသိုလ်ကို သွားရောက် ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နဲ့အတူ ရန်ကုန်တက္ကသိုလ်က ပါမောက္ခချုပ်အပါဝင် တက္ကသိုလ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စာကြည့်တိုက်တွေ ထူထောင်ဖို့နဲ့ စာကြည့်တိုက်ကိုသွားတဲ့ အလေ့အထကို ထူထောင်ဖို့ ပြောကြားခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီ အစည်းအဝေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အစည်းအဝေး ပြီးဆုံးချိန်မှာ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်အပြင် မှာ စောင့်ဆိုင်းနေတဲ့ ကျောင်းသူ ကျောင်းသားတွေကို စာဖတ်ကြဖို့ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။