တစ်ယူနစ်ကို ငွေ ၂၁ဝ နဲ့ လျှပ်စစ်မီး စတင်အသုံးပြုနိုင်


2017.06.24
electric-tower-620.jpg လျှပ်စစ် တာဝါတိုင်ကို တွေ့ရစဉ်
Photo: Kyaw Zin Than/RFA

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်က မြို့နယ် လေးခုမှာ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး တစ်ယူနစ်ကို ကျပ်၂၁ဝ နဲ့ လျှပ်စစ်မီး စတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က ပြောပါတယ်။

ပြည်သူတွေ ဓာတ်အားခသက်သာပြီး အားပြည့်ပြည့်ဝဝနဲ့ သုံးစွဲနိုင်မှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောပါတယ်။

ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်းမြို့နယ်တွေမှာ အရင်က ကံပေါက်ဓာတ်အားပေး စက်ရုံ ကနေ ထိုင်းနိုင်ငံအခြေစိုက် Andaman Power and Utility (APU)ကုမ္ပဏီက ဂတ်စ်အင်ဂျင် ၆ လုံးကို ပြီးခဲ့တဲ့အစိုးရလက်ထက်က ငှားရမ်းကာ ဓာတ်အားထုတ်လုပ်ပြီး တစ်ယူနစ်ကို ကျပ် ၃ဝဝ နဲ့ ဖြန့်ဖြူးပေးနေ တာဖြစ်ပါတယ်။

အရင်က ပြည်ထောင်စုအစိုးရဆီကနေ သဘာဝဓာတ်ငွေ့ တစ်ကုဗပေသာရရှိတာကြောင့် ဓာတ်အားလုံလောက်မှု မရှိခဲ့ပါဘူး။

ဇူလိုင်လ ၁ ရက်နေ့ကစပြီး Globel Grand ကုမ္ပဏီက သဘာဝဓာတ်ငွေ့ ၂ ကုဗပေရရှိကာ ၁၂ မဂ္ဂဝပ်အထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ထားဝယ်ခရိုင် လေးမြို့နယ်ကို ဓာတ်အား လုံလုံလောက်လောက် ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးဟာ မဟာဓာတ်အားလိုင်း မရရှိသေးဘဲ မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်တွေမှာဆို ပုဂ္ဂလိကမီးတွေနဲ့ တစ်ယူနစ်ကို ကျပ်လေးရာကနေ ကျပ် ၆ဝဝ ကျော်အထိ ပေးပြီးသုံးစွဲနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။