နေပြည်တော်ကောင်စီ ဥက္ကဌအသစ် တာဝန်ယူ


2016.04.04
dr-myoaung-620.jpg နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က နေပြည်တော်ကောင်စီ ဥက္ကဌအဖြစ် တာဝန်လွဲှပြောင်းယူခဲ့တဲ့ ဒေါက်တာမျိုးအောင် က နေပြည်တော်ကောင်စီရုံးမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒီနေ့ ၃ နာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံရာမှာ ဝန်ထမ်းတွေ အဂတိတရားကင်းရှင်းဖို့၊ လာဘ်ပေးလာဘ်ယူတာတွေ မလုပ်ဖို့နဲ့ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ နေထိုင်ကြဖု့ိ မှာကြားခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ လုပ်ဆောင်ဆဲဖြစ်တဲ့ စီမံကိန်းတွေ၊ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ ကို ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ထံ တင်ပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။

နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ရဲ့  အုပ်ချုပ်မှုအောက်မှာ  ကောင်စီအဖွဲ့ဝင် ၈ ဦးကို ထပ်မံခန့်အပ်ရမှာဖြစ်ပြီး အဲ့ဒီကောင်စီဝင် ၈ ဦးဟာ နေပြည်တော်ကောင်စီနယ်မြေထဲက ၈ မြို့နယ်ကို တစ်မြို့နယ်စီ တာဝန်ယူရမှာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေး၊ တပ်ကုန်းနဲ့ ပျဉ်းမနားမြို့နယ်တွေ ပါဝင်ပါတယ်။ အရင်က နေပြည်တော်ကောင်စီ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီးဟောင်း ဦးသိန်းညွန့် က ပူးတွဲတာဝန်ယူခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။