ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ တိုင်းကော်မရှင်နဲ့ ပါတီများ ဆွေးနွေး


2015.05.25
election-commission-mdy-parties-305.jpg မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ နဲ့ နိုင်ငံရေးပါတီတွေ မေလ ၂၅ ရက်နေ့မှာ တွေဆုံကြစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ က တိုင်းအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူစာရင်း မှန်ကန်ရေးနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက် ပွဲဖြစ်ရေးအတွက် ဒီနေ့ မန္တလေးမြို့ ရွေးကောက်ပွဲကော် မရှင်ရုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ကြိုတင်မဲပေးနိုင်သူစာရင်းတွေ မှန်ကန်ရေးအတွက် လည်း ဆွေးနွေးကြတယ်လို့ မန္တလေးတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်ထွဋ် က ပြောပါတယ်။

"ကြိုတင်မဲပေးမယ့်လူရှိတယ်၊ အဲ့လူတွေ က တောင်းဆိုလို့ရှိရင် ကြိုတင်မဲလုပ်ပေးမယ်၊ သူ့ဥပဒေနဲ့အညီ ကြိုတင်မဲပေးရမယ့်လူရှိတယ်၊ အဲ့လူတွေပေးလို့ရှိရင် သူတို့ဆီသွားမယ်၊ ချိတ်ပိတ်ထားတဲ့ မဲပုံးကြီးပါယူသွားမယ်၊ မဲလက်မှတ်တွေယူသွားမယ်၊ ကဲရော့ ခင်ဗျားပေး၊ မဲပေးတဲ့အခါမှာ ကော်မရှင်ကသွားတဲ့အခါကျရင် ရွေးကောက်ပွဲကိုယ်စားလှယ်တွေရှိတယ်၊ ပါတီအသီးသီးက ရွေးကောက်ပွဲကိုယ်စားလှယ်တွေ လိုက်လာမယ်၊ သူတို့အရှေ့မှာ လွတ်လွတ်လပ်လပ်ပေး မဲခေါက်ပြီး အဲ့မဲပုံးထဲထည့်၊ ဘယ်နှစ်ယောက် ၅ ယောက် ၁ဝ ယောက်၊ အဲ့ ၅ ယောက် ၁ဝ ယောက်ကို စာရင်းမှာကပ်ထားတာ သူ့မဲလက်မှတ်တွေကလည်း ဒီထဲမှာရှိတယ်"

ဆွေးနွေးပွဲတက်ရောက်လာတဲ့ နိုင်ငံရေးပါတီတချို့က တပ်မတော်သားမိသားစုဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေကို လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးနိုင်ရေးအတွက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြတောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ စတဲ့ ပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေ နဲ့ မန္တလေးအခြေစိုက် လူမှုရေးအသင်းအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း နောက်ထပ်တွေ့ဆုံဆွေးနွေးသွားမယ် လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။