ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား
2012.05.16

- " Nationalistic Brotherhood ပါတီဆိုပြီး ထွက်လာပါလိမ့်မယ်။ အဲဒီဟာကတော့ ရှိတဲ့ တိုင်းရင်းသားအားလုံးပေါ့ဗျာ၊ ပါတီအသေးလေးတွေ အကုန်လုံးစုပေါင်းပြီးတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကို အဲဒီပါတီကြီးတစ်ခုအနေနဲ့ ဝင်ပြီးတော့ အလုပ်လုပ်ဖို့ရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသား အရေးအရာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီကလည်း ဘာမှလုပ်မပေးနိုင်ဘူးပေါ့ဗျာ။ နောက်ရော NLD တို့၊ တစည တို့ဆိုတာကလည်း ကျွန်တော်တို့လောက် လုပ်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသား အရေးအရာ ကိစ္စတွေ အားလုံးအတွက် တိုင်းရင်းသားတွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ ပါတီတွေကသာလျှင် ကျကျနနကိုင်တွယ်ပြီးမှ လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်"
အဲဒီညီနောင် တိုင်းရင်းသားပါတီကြီးဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေးရရှိအောင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ လောလောဆယ် ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ချင်းအမျိုးသားပါတီနဲ့ ချင်းတိုးတက်ရေးပါတီတို့ကို မေလ (၁၁) ရက်နေ့က ပူးပေါင်းလိုက်ပြီလို့ ဦးဇိုဇမ်က ပြောပါတယ်။
ဒီအတောအတွင်း တိုင်းရင်းသား ပါတီတွေအပါအဝင် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့ဟာ အခုမေလ ၁၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ANU သြစတြေးနိုင်ငံ အမျိုးသား တက္ကသိုလ်မှာ နိုင်ငံရေးခေါင်းဆောင်မှုပညာ သင်တန်းသွားရောက် လေ့လာဆည်းပူးကြမယ်လို့ သိရပါတယ်။
အဲဒီ သြစတြေးလျနိုင်ငံက နိုင်ငံရေးသင်တန်း သွားတက်ကြမယ့်သူတွေထဲမှာ ချင်းအမျိုးသားပါတီက ဦးဇိုဇမ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးဦးလှစော၊ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ မြန်မာက ဒေါ်သန်းသန်းနုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဦးသိန်းထွန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
တိုင်းရင်းသား မဟာမိတ်ပါတီကြီးတစ်ရပ် ထူထောင်နိုင်ရေး အလားအလာနဲ့ ပတ်သက်လို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
![]() |
မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |