လွတ်ငြိမ်းခွင့်ကို မယုံ၍ ဆွေးနွေးရေးကိစ္စ တိုင်းရင်းသားအဖွဲ့များ သံသယရှိ
2011.05.18

စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကလည်း အဲဒီလို သံသယရှိနေကြောင်း UWSA က အမည်မဖော်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။
“သတင်းစာထဲမှာရော နောက် တီဗီမှာ ကျွန်တော်တို့ ကြည့်တော့ ဗိုလ်ချုပ် ဒီ သမတ သိန်းစိန်ရဲ့ မိန့်ခွန်းပေါ့နော်၊ တိုင်းရင်းသားတွေကို ြ ပန်လည်ပြီးတော့ သင့်မြတ်ရေးဗျာ၊ အဲဒါ ခေါ်ဖို့တော့ ရှိတယ်လို့ ပြောသံကြားတာပဲ။ ကျွန်တော် ထင်တာက အတု အယောင်ဆောင်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့ အခု လွတ်ငြိမ်းချမ်းသာ ပေးတဲ့နေ့ကပဲ ခုန နိုင်ငံရေးသမားတွေ မဟုတ်ပဲနဲ့ ဒုစရိုက်သမားတွေ၊ နောက် အကျဉ်းကျနေတဲ့ လူဆိုတဲ့ ဟန်ပြပြီးတော့ ကမ္ဘာကလည်း ယုံကြည်အောင်ပေါ့ဗျာနော်၊ နောက်ပြီးတော့ တိုင်းရင်းသား လူထုကလည်း ယုံကြည်အောင် သူတို့က ဟန်ပြပြီးတော့ လုပ်တာပဲ ကျွန်တော်တို့ မြင်တယ်လေနော၊ အဲလိုပဲ မြင်တယ်။”
အရင်စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး အစီအစဉ်ကို လက်မခံခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေထဲမှာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လည်း ပါဝင်ပါတယ်။
ဒီအတွက် စစ်အစိုးရရော၊ လက်ရှိ ဦးသိန်းစိန်အစိုးရကပါ UWSA ကို အဆက်အဆံ မလုပ်တော့ပဲ ဖြတ်လေးဖြတ် နည်းနာကျင့်သုံးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ UWSA အဖွဲ့က ငြိမ်းချမ်းရေးကိစ္စ ပြန်လည်ဆွေးနွေးဖို့ မကြာသေးခင်က ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ အခုထိ အကြောင်းပြန်ကြားချက် မရသေးဘူးလို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ UWSA က အမည်မဖော်လိုတဲ့ အရာရှိတဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |