လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး လိုအပ်တယ်လို့ ကာချုပ်ပြော
2017.08.18

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးကို မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
တာဝန်တွေပြီးဆုံးလို့ ပြန်လည်ထွက်ခွာတော့မယ့် ဥရောပသမဂ္ဂအဖွဲ့ရုံးက သံအမတ်ကြီး မစ္စတာရိုလန် ကိုဘီယာနဲ့ နေပြည်တော် ဘုရင့်နောင်ခန်းမမှာ မနေ့ကတွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ အနာဂတ်မြင်ကွင်းကို သံအမတ်ကြီးကမေးမြန်းရာမှာ ကာကွယ်ရေးဦးစီးချုပ်က အခုလိုပြောကြားလိုက်တာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ကိုလိုနီကာလမှာ သွေးခွဲအုပ်ချုပ်မှု ခံခဲ့ရတဲ့အတွက် လွတ်လပ်ရေးရရှိချိန်ကစပြီး ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားတွေ အကြား အထင်အမြင်လွဲမှားမှု အကျိုးဆက်တွေ ဒီနေ့ထက်တိုင်အစိုးရနဲ့ တပ်မတော်အပေါ် သက်ရောက်နေ ဆဲဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို မဖြစ်မနေလုပ် ဆောင်ရန်လိုအပ်ကြောင်း၊ ဒါ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ လူ့သဘောသဘာဝကို သိရှိနား လည်မှုအပေါ် အခြေခံပြီး တဆင့်ပြီးတဆင့် ဖြေရှင်းကျော်လွှားရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြပါတယ်။