ရွာသာကြီးမှာ လယ်သမားသုံးရာကျော် ဆန္ဒပြ
2012.07.20

သူတို့ အသိမ်းခံထားရတဲ့ လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး အပါအဝင် နိုင်ငံတဝှမ်းမှာ အဓမ္မသိမ်းယူ ခံထားရတဲ့ လယ်ယာမြေတွေကို လယ်သမားတွေ လက်ထဲ ပြန်လည် ခွဲေ၀ ပေးအပ်ရေး၊ လယ်သမားတွေအတွက် အာမခံချက်ရှိတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေးတို့အတွက် အခုလို တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
ဒီဆန္ဒပြပွဲကို လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က တောင်သူတွေ စုပေါင်းပြီး ရွာသာကြီးက ပင်လယ်ကိုးသွယ် ကုမ္ပဏီရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲကို လုံခြုံရေးအင်အား (၄၀) လောက် အနီးကပ် စောင့်ကြည့်ခဲ့ပြီး ဓာတ်ပုံမှတ်တမ်း ရယူခဲ့ကြပေမယ့် နှောင့်ယှက် တားဆီးမှုတော့ မရှိခဲ့ပါဘူး။
ဒီအတောအတွင်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ လယ်ယာမြေဧက ၅၆၀ ကျော် သိမ်းယူခံထားရတဲ့ လယ်သမားတွေက ဆန္ဒပြဖို့ ဇူလိုင်လ (၁၇) ရက်နေ့က ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အခုအချိန်အထိ ခွင့်ပြုချက် မရရှိသေးဘူးလို့ သိရပါတယ်။