ငါးဖမ်းစက်လှေ နစ်မြုပ်မှု လူ ၅ ဦး သေဆုံး


2018.12.10
fishing-boat-sink-622.jpg မာန်အောင်ကျွန်းအနီး ပင်လယ်ပြင်က ငါးဖမ်းစက်လှေနစ်မြုပ်မှုမှာ သေဆုံးသူတွေ အလောင်းကို သံတွဲဆေးရုံကို ပို့ဆောင်စဉ်
Photo: Mg Kayah

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနီး ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေတစ်စီး ဒီဇင်ဘာ ၉ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာမှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သံတွဲမြို့ကို သယ်ယူလာပြီး ဒီနေ့မှာတော့ လင်းသာ၊ ဂျိတ်တော၊ မြပင်ရပ်ကွက်တွေက နာရေးကူညီမှုအသင်းကားတွေနဲ့ သက်ဆိုင်ရာ မိသားစုတွေထံ အပ်နှံဖို့စီစဉ်နေတယ်လို့ အကူအညီပေးနေတဲ့ သံတွဲမြို့ခံ ဦးကယားကြီး က ပြောပါတယ်။

အဲဒီစက်လှေမှာ လူ ၁၀ ဦး လိုက်ပါတာဖြစ်ပြီး ငါးဖမ်းပိုက်ဟာ ရေအောက်မှာငြိနေတဲ့အတွက် ရပ်နားထားရာကနေ ဒီရေတက်လာချိန်မှာ လှေတိမ်းစောင်းပြီး နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။

နစ်မြုပ်သွားတဲ့ ငါးဖမ်းစက်လှေဟာ သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာကဖြစ်ပြီး သေဆုံးသွားသူတွေကတော့ ရမ်းဗြဲမြို့နယ်က ၁ ဦး၊ ရသေ့တောင်မြို့နယ်က ၁ ဦးနဲ့ သံတွဲမြို့နယ်က ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။