စစ်တွေမြို့ပေါ် ဒုက္ခသည်စခန်းမှာ ရိက္ခာအခက်အခဲဖြစ်နေ

2022.08.25
စစ်တွေမြို့ပေါ် ဒုက္ခသည်စခန်းမှာ ရိက္ခာအခက်အခဲဖြစ်နေ ရခိုင်ပြည်နယ် စစ်တွေမြို့ ဥဿလင်း ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းက ဒုက္ခသည်များအား ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာရှိတဲ့ ဥဿလင်းဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ စားရေးသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီက ထောက်ပံ့တဲ့ ဆန်ရိက္ခာလည်းမရောက်တော့သလို ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာတာကြောင့်လို့ စစ်ဘေးဒုက္ခသည် ဒေါ်နန်းကျော့ခိုင်က ပြောပါတယ်။

“အခုဆိုရင် လူကယ်ပြန်က ထောက်ပံ့တဲ့ ဆန်မရောက်တာ ငါးလလောက်ရှိပြီ။ WFP က ထောက်ပံ့တာနဲ့ပဲ စားနေရတယ်။ အလုပ်အကိုင်တွေကလည်း မရှိဘူး။ အရင်လို အလှူရှင်တွေလည်း မရောက်တော့ဘူး။ ဆန်စျေး ဆီစျေး အကုန်လုံးတက်တယ်။ တော်တော်လေးကို အခက်အခဲဖြစ်နေကြတယ်”

IMG_0673.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့ ဥဿလင်းဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ဦးအား ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဥဿလင်းဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းမှာ ပလက်ဝမြို့နယ် စိမ်းညှင်းဝ၊ နှမဒါ၊ ဒိုးချောင်းဝ၊ မီးလက်ဝ၊ စိမ်းစင်းစတဲ့ ကျေးရွာက အိမ်ထောင်စု ၄၀ ကျော်နဲ့ လူဦးရေ ၁၇၀ ကျော် ခိုလှုံနေတာပါ။

သူတို့ဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက စစ်တွေမြို့ပေါ်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။