မြန်မာနိုင်ငံမှ ဦးမောင်မောင် ILO အမှှုဆောင် အဖြစ် ရွေးချယ်ခံရ


2014.06.07

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၂ ရက်နေ့ကကျင်းပခဲ့တဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အလုပ် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကနေ  မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ကို  အလုပ်သမားထု လက်ထောက် ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

ILO အလုပ်အမှုဆောင်အဖွဲ့မှာ အဓိက ကိုယ်စားလှယ် ၅၆ ဦး နဲ့ လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးပါဝင်ရာမှာ ဦးမောင်မောင် ဟာ မြန်မာပြည်သမိုင်းမှာ ပထမဆုံး ILO အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ ရခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖေါ်ပြထား ပါတယ်။

ILO အုပ်ချုပ်ရေး အဖွဲ့မှာ အစိုးရကိုယ်စားလှယ် ၂၈ ဦး၊ အလုပ်ရှင်ကိုယ်စားလှယ် ၁၉ ဦးနဲ့ အလုပ်သမားကိုယ်စားလှယ် ၁၉ ဦးပါဝင်ပြီး အဖွဲ့ရဲ့ သက်တမ်းကတော့ ၃ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

၁၉၆၁ ခုနှစ်တုန်းကလဲ မြန်မာနိုင်ငံက ဦးနု အစိုးရ လက်ထက် သတု္တုတွင်းနဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးရာရှစ်ဟာ အိုင်အယ်လ်အို နိုင်ငံတကာညီလာခံကြီးမှာ သဘာပတိ အဖြစ်   ရွေးချယ်တာဝန်ပေးအပ်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ ILO  နိုင်ငံတကာ အလုပ်သမားရေးရာအကြံပေး အထူးကော်မတီ မှာ ပထမဆုံး မြန်မာနိုင်ငံသားအဖြစ်  တာဝန်ထမ်းခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။