ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်
2012.05.15

ဒါ့အပြင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပိတ်ဆို့အရေးယူမှုတွေ လျော့ပေါ့ရေး အပါအဝင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ဝင်ရောက်လာရေး ကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရက စီစဉ်ကျင်းပမယ့် ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးကို အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာရှိတဲ့ အမေရိကန်သမ္မတရဲ့အပန်းဖြေစခန်း Camp David မှာ အခုလာမယ့် သောကြာနဲ့ စနေနေ့တို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ အမေရိကန်၊ ရုရှ၊ ကနေဒါ၊ ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ ဂျပန်နိုင်ငံက အစိုးရခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။ အဖွဲ့ဝင် မဟုတ်ပေမယ့် တရုတ်အစိုးရ ခေါင်းဆောင်တွေလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။
ထိပ်သီးညီလာခံမှာ ဆွေးနွေးဖို့ ပြင်ဆင်ထားတာတွေက မြန်မာနိုင်ငံက အပြောင်းအလဲ၊ ဆီးရီးယားနိုင်ငံက သွေးချောင်းစီးနေမှု၊ အာဖရိကတိုက်က စားနပ်ရိက္ခာရှားပါးမှု ပြဿနာ၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ကိစ္စ အပါအဝင် ဥရောပ ငွေကြေးဈေးကွက် အကြပ်အတည်း ကိစ္စတွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။