ဂန္ဓမာကုန်တိုက် မီးလောင်မှု ၇ ဦး သေဆုံး


2013.12.10
burn-fire-305.jpg ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဂန္ဓမာ Whole Sale ကုန်တိုက်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ည ၁၂ နာရီခွဲ ဝန်းကျင်က မီးလောင်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးခဲ့ ပါတယ်။
photo: ရဲဇာနည် facebook

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ဂန္ဓမာ Whole Sale ကုန်တိုက်က အလှပြင်ဆိုင်တစ်ဆိုင်မှာ မနေ့ကည ၁၂ နာရီခွဲဝန်းကျင်က မီးလောင်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ ၇ ဦးမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးဖြစ်ပြီး သေဆုံးသူအားလုံးဟာ မီးခိုးငွေ့ကြောင့် အသက်ရှူကြပ်ပြီး သေဆုံးတာဖြစ်နိုင်ကြောင်း မီးလောင်မှုကြောင့် ငွေကျပ်သိန်း ငါးဆယ်ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ကပြောကြောင်း သိရပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို မရမ်းကုန်းမြို့မ ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။