ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် လှူဒါန်းပွဲများကျင်းပ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ငှားရမ်းထားတဲ့ ရုံးခန်းတစ်ခုကို ရန်ကုန် ဓမ္မစေတီလမ်း ခြံအမှတ် (၁၀၁) မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၇ နှစ်မြောက်မွေးနေ့ ဒီကနေ့ စဖွင့်လိုက်ပြီး ရုပ်ရှင်ကားအတွက် လှူဒါန်းတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံခဲ့ပါတယ်။

2012.02.13
assk-u-sein-tin-b305 အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးစိန်တင်နဲ့ဇနီးတို့ လှူဒါန်းသော ရုပ်ရှင်ထုတ်လုပ်ခွင့် လိုင်စင်နှင့်လုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံနေစဉ်။
နာရေး ကူညီမှုအသင်း၊ ရန်ကုန်

ဒီအခမ်းအနားမှာ ကျပ်ငွေ ၁၂၈ သိန်း လှူဒါန်းဖို့ ကတိပြုထားတဲ့ ဓမ္မစာပေ ရေးသားရာမှာကျော်ကြားတဲ့ အရှင်ဆန္ဒာဓိက ကိုယ်တိုင် ကြွရောက်လှူဒါန်းပါတယ်။ ဒါ့အပြင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူရဲ့မိဘများဖြစ်ကြတဲ့ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးစိန်တင်နဲ့ဇနီးကလည်း ရုပ်ရှင်ထုတ်လုပ်ခွင့် လိုင်စင်အပါအဝင် အမျိုးသားရုပ်ရှင် လုပ်ငန်းတစ်ခုလုံးကို လှူဒါန်းခဲ့ပါတယ်။ ဇာတ်မင်းသား ဖိုးချစ်ကလည်း ကျပ်သိန်း ၄၀ လာရောက် လှူဒါန်းတယ်လို့ သိရပါတယ်။

“ဗိုလ်ချုပ်”ဆိုတဲ့အသုံးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ငယ်ငယ်က အဓိပ္ပာယ်ဖွင့်ဆိုပုံကိုလည်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒါရိုက်တာဦးမိုးသူက အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက တော်တော် ချစ်စရာကောင်းတယ်။ သူကလေးတုန်းက သူ့အဖေ့ နာမည်ကို “ဗိုလ်ချုပ်”လို့ အောက်မေ့နေတာတဲ့။ ဘာလို့တုန်းဆိုတော့ အဲဒီတုန်းက “ဗိုလ်ချုပ်”ဆိုတာ တစ်ယောက်ပဲ ရှိတာပေါ့ဗျာ။ အဲဒီတော့ သူ့အဖေ့နာမည် “ဗိုလ်ချုပ်”လို့ အောက်မေ့နေတာတဲ့။ နောက်တစ်ခု သူပြောတဲ့စကားထဲမှာ “ဗိုလ်”ဆိုတာ “ဗလ”က လာတာပေါ့ဗျာ။ “ဗလ”ဆိုတာ အင်အားပဲ။ သူ့အဖေကို “ဗိုလ်ချုပ်”လို့ပြောတာ “အင်အားပဲ”လို့ ပြောတယ်လို့ ယူဆတယ်လို့လည်း ပြောပါတယ်။ တိုင်းပြည်အတွက် အင်အားပေါ့ဗျာ။ အဲဒီလို ဖွင့်တဲ့သဘောဆောင်ပါတယ်”။

ဒီအခမ်းးအနားကို ၈၈ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် ကိုကိုကြီးတို့လည်း တက်ရောက်ပြီး ကိုမင်းကိုနိုင်က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ ဒီပွဲကို ရုပ်ရှင်နယ်ပယ်က ပုဂ္ဂိုလ်တွေ ဧည့်သည်တော်တွေနဲ့ သတင်းသမားတွေ စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒီကနေ့ဖွင့်ပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-14 01:04

I 'm waiting to watch

Anonymous
2012-02-13 12:34

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားပါသဖြင့် ဗိုလ်ချုပ်အကြောင်းများသိလိုပါသဖြင့်

Anonymous
2012-02-15 12:53

a yan kung par tal