TNLAနဲ့ အစိုးရတပ်မတော် တိုက်ပွဲဖြစ်ပွား


2017.06.25
tnla-soldier-620.jpg TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ဟာ ဇွန်လ ၂၃ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ၂၅ ရက်နေ့ အထိ သုံးရက်အတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲတွေဖြစ်ရတာလို့ TNLA က ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"အဓိကကတော့ ထိုးစစ်ပါ။ ထိုးစစ်များလာတော့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေအတွင်းမှာ နေရာတော်တော်များများမှာ မြန်မာ့ တပ်မတော်က ထိုးစစ်တွေ ပြုလုပ်လာတယ်။ အထူးသဖြင့် ကျနော်တို့ နေတဲ့နေရာနဲ့ သူတို့ရှိတဲ့နေရာနဲ့ နာရီပိုင်းအတွင်း သွားလာနိုင်တဲ့ အနေအထားတော့ ရှိတယ်။ အဲဒါကြောင့်မို့လို့ တစ်ဘက်ဘက်က နည်းနည်း လှုပ်ရှားလိုက်ရင်တော့ တိုက်ပွဲတွေဖြစ်ပွားတာ"

တပ်မတော်နဲ့ TNLA ကြား ဇွန်လ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ တိုက်ပွဲ ၂ ကြိမ်စီ ဖြစ်ပွားခဲ့ပြီး ဒီကနေ့မှာလည်း ရှမ်းပြည်နယ် နမ့်ဆန်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့ နယ်တွေမှာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရနဲ့ လက်ရှိ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးဖို့ ဆုံးဖြတ်ထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် TNLA ဟာ မကြာသေးခင်ကမှ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ နုတ်ထွက်ထားပြီး ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီရဲ့ ဦးဆောင်မှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သဘောတူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။