အစိုးရသစ်က လွတ်ငြိမ်းသက်သာခွင့်ဖြင့် ထောင်ဒဏ်တနှစ်လျှော့ပေး
2011.05.16

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အင်အယ်လ်ဒီ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအုန်းကြိုင်က အတည်ပြု ပြောဆိုပါတယ်။
“လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်းဆိုပြီးတော့ အဲဒီလို ကြေညာပါတယ်။ ကြေညာပြီးတော့ သူက ပထမ ၁ အချက်ကတဲ့ သက်သာရေးကို မျှော်ကိုးပြီးတော့တဲ့ ဆိုပြီးတော့ သေဒဏ်ကျခံနေရတဲ့ လူတွေကိုတဲ့ ကျွန်းဒဏ်ကို ပြောင်းပေးလိုက်တယ်တဲ့။ အဲ နက်ဖြန်ခါ ၁၇ ရက်နေ့က စပြီးတော့ပေါ့။ သေဒဏ်ကျခံနေရတဲ့ လူတွေကိုတဲ့ ကျွန်းဒဏ်ကို ပြောင်းပေးလိုက်တယ်တဲ့။ ကျန်တဲ့ ပြစ်မှုအမျိုးမျိုးနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေ အားလုံးကိုတဲ့ သာမန် ရရှိထားသော လျှော့ရက်များအပြင်တဲ့၊ နောက်ထပ် လျှော့ရက် တနှစ်ခံစားခွင့် ပြုလိုက်သည်တဲ့။ အဲဒီလို ပါပါတယ်။”
ဒီကြေညာချက်အရ ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့ မတိုင်ခင် ပြစ်ဒဏ် ချမှတ်ခံရသူများသာ အကျုံးဝင်တာ ဖြစ်ပါတယ်။ဒါပေမဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး သီးခြား ဘာမှ ထုတ်ဖော် ကြေညာခြင်း မရှိပါဘူး။