တရုတ်စွမ်းအင်ကုမ္ပဏီ ဒေါ်လာ ၃ ဘီလျံစီမံကိန်းကြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရရှိ


2016.04.05
guangdong-zhenrong-620.jpg Guangdong Zhenrong စွမ်းအင်ကုမ္ပဏီ ဝက်ဘ်ဆိုဒ်ကို တွေ့ရစဉ်
Photo: Guangdong Zhenrong Energy Website

တရုတ်အစိုးရပိုင် ဂွမ်ဒေါင်း ဂျန်ရောင်း Guangdong Zhenrong စွမ်းအင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်မယ့် ရေနံသန့်စင်စက်ရုံစီမံကိန်းအတွက် သဘောတူခွင့်ပြုချက် ရရှိသွားပြီလို့ ကြေညာလိုက်ပါတယ်။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ၁၀ စုနှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဖြစ် ပါတယ်။ မိမိတို့ ဂွမ်ဒေါင်း ဂျန်ရောင်းကုမ္ပဏီအနေနဲ့ မြန်မာအစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့် ရှိနေကြောင်း တရုတ်ကုမ္ပဏီ အရာရှိတွေက ပြောပါတယ်။

တစ်နေ့ကို ရေနံစည် ၁ သိန်း သန့်စင်နိုင်မယ့် အဲဒီစီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသမှာ အကောင်အထည်ဖော်မှာဖြစ်ပြီး၊ ရေနံတင်ဆိပ်ခံတံတားနဲ့ ရေနံသိုလှောင်ဖြန့်ဖြူးရေး အဆောက်အဦးတွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ပြည်တွင်းက ဦးတေဇပိုင် ထူးကုမ္ပဏီနဲ့ လက်တွဲဆောင်ရွက်မှာဖြစ်ပြီး တရုတ်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း၊ ထူးကုမ္ပဏီက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။