ဟားခါးမြို့နယ် မြေပြိုမှုအတွက် ရှေ့ သီတင်းပတ်မှာ နေရာချပေးမည်


2015.12.18
hakha-land-slide-620 ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်
ဓါတ်ပုံ - ကျော်ထွန်းနိုင်/RFA

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသူတွေနဲ့ ဆက်လက်နေထိုင်ဖို့ မသင့်တော် တဲ့ နေအိမ်တွေက အိမ်ထောင်စုတွေကို လာမယ့် သီတင်းပတ်အတွင်း နမ်ဟောင်ကမ်းတောင်ကြောမှာ နေရာချ ထားပေးမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

နမ်ဟောင်ကမ်းတောင်ကြောမှာ အိမ်ခြေ ၇၀၀ ကျော် ဆောက်လုပ်ပေးမှာဖြစ်ပြီး ပြီးစီးသွားပြီဖြစ်တဲ့ နေအိမ်အလုံး ၃၃ လုံးကို အရင် ရွှေ့ပြောင်းပေးမှာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်စိုး က ပြောပါတယ်။

"လက်ရှိမြို့ကွက်က ဖော်တုန်းဆိုတော့ အကွက် ၃ဝဝ ကျော်လောက် ဖော်ပြီးပြီပေါ့လေ၊ လက်ရှိကတော့ အိမ် ၃၃ လုံးပြီးသွားတယ်၊ သူတို့ကို ကျနော်တို့ ရှေ့တစ်ပတ်မှာ ရွှေ့ပေးလိုက်မယ်"

အဲဒီတောင်ကြောမှာ ဟားခါးမြို့ကွက်သစ်ဆိုတဲ့ နာမည်နဲ့ မြို့တည်ပြီး နေအိမ်တွေ ဆောက်လုပ်နေပါတယ်။ ရေနဲ့ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး လောလောဆယ် ပြောင်းရွေ့ရမယ့် အိမ်တောင်စုတွေအတွက် မီးစက်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။

အဲဒီ့မြို့သစ်မှာ အစိုးရက တာဝန်ယူတည်ဆောက်ပေးထားတဲ့ နေအိမ် ၄၀၀ ကျော်၊ အစိုးရရဲ့ ထောက်ပံ့ကြေး နဲ့ ဒေသခံတွေ ကိုယ်တိုင်ဆောက်လုပ်ရမယ့် အိမ်ခြေ ၃၀၀ ကျော် ရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မိုးကြီးပြီး မြေပြိုကျခဲ့တာတွေကြောင့် ဟားခါးမြို့မှာ နေအိမ် ၃၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး နေထိုင်ဖို့ မသင့်တော်တဲ့ လူနေအိမ် ၄၀၀ ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။