ကုမ္ပဏီအားလုံး တန်းတူအခွင့်အရေးပေးမယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးပြော


2019.05.31
hauwei-622.jpg ဟွာဝေ ကုမ္ပဏီ အမှတ်တံဆိပ် ဆိုင်းဘုတ်တချို့။
Photo: AFP

မြန်မာအစိုးရက တရုတ်ဟွာဝေးအပါအဝင် ကုမ္ပဏီအားလုံးကို တန်းတူယှဉ်ပြိုင်ခွင့်ပေးမယ်လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေတဲ့ အာရှအနာဂတ်ညီလာခံအတွင်း Nikkei Asian Review နဲ့မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

ကုန်သွယ်ရေးမှာ မြန်မာက သာတူညီမျှမှုနဲ့ အပြန်အလှန်အကျိုးရှိမှုကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ဟွာဝေးကုမ္ပဏီပစ္စည်းတွေ လုံခြုံမှုမရှိဘူးလို့ အမေရိကန်က ပြောဆိုထားတယ်။ ဒါကိုစိတ်မပူဘူးလားဆိုတော့ ဘယ်လောက်အကျိုးသက်ရောက်မှုရှိလဲ စောင့်ကြည့်ရမယ် အခုပြောဖု့ိသိပ်စောသေးတယ်လို့ပြောပါတယ်။

အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့်  မြန်မာနိုင်ငံရဲ့စီးပွားရေးကို ထိခိုက်နိုင်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

မြန်မာက အဓိကစိုက်ပျိုးထွက်ကုန်နဲ့ အခြေခံကုန်ပစ္စည်းလောက်ပဲ တရုတ်ကို တင်ပို့တာပါလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်ကို နိုင်ငံခြားကလာပြီး ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေ တနေ့တခြား များပြားလာနေပါတယ်လို့လည်း ဝန်ကြီးဦးကျော်တင့်ဆွေက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။