အခြေခံဥပဒေပြင်ရေးမှာ ပွင့်လင်းဖို့ ဗြိတိန်ဒုဝန်ကြီး တိုက်တွန်း


2014.01.30
hugo-swire-305.jpg ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒုတိယ ဝန်ကြီး Mr Hugo Swire နှင့်အဖွဲ့ကို ဇန်နဝါရီလ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့မှာတွေ့ရစဉ်
photo: RFA/ Kyaw Myo Min

လွှတ်တော်အတွင်းမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လိုရပ်တည်မလဲ ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရမယ့် အချိန်ရောက်နေ ပြီလို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသ ဆိုင်ရာ ဒုတိယဝန်ကြီး Mr Hugo Swire က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ကမ်းနားလမ်း ဗြိတိသျှသံရုံး စာကြည့်တိုက်မှာကျင်းပတဲ့ Mr Hugo Swire ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

“ပါလီမန်မှာ အဓိကအင်အားစုနှစ်ခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍက ရှိနေပါတယ်။ အဲဒီ အင်အားစုနှစ်ခုဟာ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုရပ်တည်မလဲဆိုတာပြသဖို့ အချိန်ရောက်နေပါပြီ။

ဒါ့အပြင် USDP ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ သူရဦးရွှေမန်းက ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ဖို့ ထောက်ခံပေးလိုက် တာဟာ ချီးကျူးစရာဖြစ်သလို တရားမျှတစွာ ယှဉ်ပြိုင်လိုတဲ့သဘောကို ပြသလိုက်တာ ဖြစ်တယ်လို့လည်း မစ္စတာ ဟူဂို ဆွိုင်းယားက ပြောခဲ့ပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး Mr Hugo Swire ဟာ သူရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး Mr Hugo Swire ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။