IAEA က မြန်မာ နျူကလီယားကိစ္စ စာရေးအကြောင်းကြား
2011.01.16

မြန်မာနိုင်ငံက နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်း အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက် သောကြာနေ့က စာရေးသား ပေးပို့ခဲ့တာလို့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော် အခြေစိုက် IAEA နဲ့ နီးစပ်တဲ့ သံတမန်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
မြန်မာ အစိုးရအနေနဲ့ သံသယဖြစ်စရာ နျူကလီယားနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ ရှိနေတယ်လို့ IAEA က သတင်းတွေ ရနေကြောင်း အမည်မဖော်လိုတဲ့ အဲဒီ သံအရာရှိက ပြောပါတယ်။ IAEA အနေနဲ့ မြန်မာပြည်ထဲကို ကိုယ်စားလှယ်အဖွဲ့ စေလွတ် စစ်ဆေးလိုတဲ့ သဘောထားလည်း ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နျူကလီယားလက်နက် ထုတ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ အများစုက သုံးသပ်ထားပါတယ်။
မနှစ်က စက်တင်ဘာလမှာ IAEA က နျူကလီယား သတင်းတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ IAEA က တောင်းဆိုရာမှာ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ မြန်မာ စစ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သလို IAEA အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ရေးစာချုပ် ချုပ်ထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။