ဆင်းရဲသားတို့ ဘဝမြှင့်တင်ရေး ပြုပြင်ပြောင်းလဲရေးလိုအပ်

နိုင်ငံပြုပြင်ပြောင်းလဲရေးဟာ ဆင်းရဲသားတွေရဲ့ ဘဝမြှင့်တင်ပေးဖို့အတွက် အထောက်အကူဖြစ်ပါတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအလှူရှင်တွေကို မနေ့က ပြောကြားလိုက်ပါတယ်။

2013.01.19

အစိုးရဟာ ပြည်သူလူထုကို မဏ္ဍိုင်ထားပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့်တောင့်တချက်တွေကို ဖြည့်ဆည်းပေးရပါမယ်လို့ နေပြည်တော်မှာကျင်းပတဲ့ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် အလှူရှင်များ နှီးနှောဖလှယ်ပွဲမှာ ပြောကြားပါတယ်။

ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ ဝင်ငွေရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာဖို့ တဘက်က အလေးထားချိန်မှာ တချိန်တည်းမှာ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး ကဏ္ဍပိုင်းတွေ အတွက် လူထုကိုကူညီဖို့ လိုအပ်ပါတယ်လို့ ဦးသိန်းစိန်က ပြောကြားပါတယ်။

နိုင်ငံတကာက အကူအညီရရှိရင် ပိုပြီးထိထိရောက်ရောက်နဲ့  အောင်အောင်မြင်မြင် ဖြည့်ဆည်းပေးနိုင်ပါမယ်လို့လည်း ပြောပါတယ်။

အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဒေါက်တာကံဇော်ကလည်း အစိုးရဟာ နှစ် ၂၀ စီမံကိန်းရေးဆွဲထားပြီး အကြံဉာဏ်တွေ၊ အသိအမြင်ဗဟုတတွေ၊ စနစ်တွေနဲ့ နည်းပညာပိုင်းသာမက ဘဏ္ဍာရေး အကူအညီကိုလည်း ကြိုဆိုတဲ့အကြောင်း အလှူရှင်များ နှီးနှောဖလှယ်ပွဲမှာ  ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။