မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်

ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့အတွက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က လုပ်ငန်းရှင်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

2012.05.29
dg-immigration-b305 မင်္ဂလာဒုံလေဆိပ်၌ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည့်အကြောင်း လဝက ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက သတင်းထောက်များအား ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်တွင် ရှင်းလင်းပြောကြားနေစဉ်။
RFA

ဒီကိစ္စနဲ့ ပတ်သက်ပြ့ီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ဆက်သွယ်မေးကြည့်ရာမှာ -

" Business visa နဲ့ဆိုရင် ကျွန်တော်တို့က အခုပေးတဲ့ ဥစ္စာက အာဆီယံ ၁၀ နိုင်ငံနဲ့ပေါင်းလို့ရှိရင် စုစုပေါင်း နှစ်ဆယ့်ခြောက်လေ။ အဲတာကို ကျွန်တော်တို့က ဆိုက်ရောက်ဗီဇာ ရန်ကုန်လေဆိပ်မှာ ပေးမယ်။ ဒီ Business visa တစ်ခုပဲပေးမယ်။ ကျန်တဲ့ ဗီဇာတွေ သူတို့မနိုင်သေးဘူးလေ၊ ဖြေးဖြေးချင်း ဖြစ်လာမယ်"

အခုအစီအစဉ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သြစတေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဆိုက်ရောက်ဗီဇာ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဗီဇာကြေးက အမေရိကန် ဒေါ်လာ ၅၀ ဖြစ်ပြီး ရက်ပေါင်း ၇၀ နေထိုင်ခွင့်ရရှိမယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က အလားတူ ဆိုက်ရောက်ဗီဇာကိစ္စ စီစဉ်ခဲ့ပေမယ့် အဲဒီနှစ် ရွေးကောက်ပွဲ မတိုင်မီမှာဘဲ ဖျက်သိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။