မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်ရေး အိန္ဒိယ စဉ်းစားနေ
2011.09.28
အိန္ဒိယအစိုးရက မြန်မာနိုင်ငံ အပေါ် တရုတ်အစိုးရရဲ့ သြဇာ လွှမ်းမိုးမှုကို ထိမ်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ချင်းတွင်း မြစ်ဝှမ်းဒေသမှာ ထမန်သီ နဲ့ ရွှေစာရေး ရေအား လျှပ်စစ် စီမံကိန်းတွေကို အိန္ဒိယသုံး ရူပီးငွေ သန်းပေါင်း ၂ သိန်းကျော် အကုန်ခံပြီး တည်ဆောက်ပေးဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။
ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး လေ့လာရေး အစီရင်ခံစာ ပြုစုဖို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက သန်းပေါင်း ၄၀၀ အကုန်အကျ ခံခဲ့ပြီး၊ လေ့လာ တွေ့ရှိချက်တွေကို အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ မြန်မာနို်င်ငံ စွမ်းအင် ဝန်ကြီး ဌာနတို့ကို တင်ပြသွားမှာ ဖြစ်တယ်လို့ Mr. Bhargava က ပြောပါတယ်။
စီမံကိန်းတွေ အကောင်အထည်ဖေါ်သင့် မသင့် ဆိုတာနဲ့ ပတ်သက်လို့တော့ အိန္ဒိယ အစိုးရက ဆုံးဖြတ်ချက် ချရမှာ ဖြစ်ကြောင်း၊ ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းကနေ လျှပ်စစ်ဓါတ်အား မီဂါဝတ် ၁၂၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး အိန္ဒိယ နိုင်ငံက လျှပ်စစ်ဓါတ်အား အများစု ရရှိမှာ ဖြစ်ကြောင်းလည်း
NHPC ကုမ္ပဏီ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားသွားပါတယ်။