အိန္ဒိယသတင်းထောက်နှစ်ဦး ပြန်လည် လွတ်မြောက်ရေး
2011.12.12
အဲဒီ အိန္ဒိယ သတင်းသမားနှစ်ဦးထဲက Rajiv Bhattacharya ရဲ့ဇနီးလည်းဖြစ်၊ ကိုယ်တိုင်လည်း သတင်းထောက်တစ်ဦးဖြစ်တဲ့ Mrs. Rashmi Sharma က ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးက ဒီကိစ္စ ဘာမှမသိရဘဲ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးက သတင်းပေးမှ သိရတာကို အံသြမိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယသံရုံးနဲ့ မြန်မာသံရုံး ပြောဆိုချက်တွေ မတူကြောင်း၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ အခြေအနေတွေ ကောင်းမွန်မူမရှိဘူး ဆိုတာ သိထားတဲ့အတွက် သူတို့အတွက် စိုးရိမ်ကြောင်းကိုလည်း Mrs. Rashmi Sharma က အာရ်အက်ဖ်အေကို ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ အိန္ဒိယနိုင်ငံပိုင် အာသံပြည်နယ် မြို့တော် Guwahati မြို့မှာ ထုတ်ဝေတဲ့ Seven Sisters Post ရဲ့ သတင်းထောက် Rajiv Bhattacharya နဲ့ ဓာတ်ပုံသတင်းထောက် Pradip Gogoi တို့ဟာ ပြီးခဲ့တဲ့ လဆန်းပိုင်းက အာသံသူပုန် ခေါင်းဆောင် ကို တွေ့ဆုံမေးမြန်းဖို့အသွား တရုတ် မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်က ဖမ်းဆီးတာ ခံခဲ့ရပါတယ်။