တိုင်းရင်းဆေးပညာလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ စစ်ကောင်စီကို အိန္ဒိယတိုက်တွန်း

RFA Burmese
2023.10.22
တိုင်းရင်းဆေးပညာလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ စစ်ကောင်စီကို အိန္ဒိယတိုက်တွန်း မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်မှာ ၂၀၂၃ အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပတဲ့ အိန္ဒိယနိုင်ငံက တိုင်းရင်းဆေးဘက်ဝင်အပင်စာအုပ်များလှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vinay Kumar နဲ့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ကို တွေ့ရစဉ်။
India in Myanmar

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား တိုင်းရင်းဆေးပညာဆိုင်ရာ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vinay Kumar က စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်ကို အိန္ဒိယနိုင်ငံက တိုင်းရင်းဆေးဘက်ဝင်အပင်စာအုပ်တွေ အောက်တိုဘာ ၂၂ ရက်နေ့က သွားရောက်လှူဒါန်းရာမှာ သံအမတ်ကြီး Vinay Kumar က တိုက်တွန်းလိုက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ X လူမှုကွန်ရက်စာမျက်နှာ (ယခင် Twitter) မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းကလည်း တိုင်းရင်းဆေးပညာ အဆင့်အတန်းမြင့်မားလာဖို့အတွက် မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပညာသင်ဆုတွေအကြောင်းကိုလည်း အိန္ဒိယသံအမတ်ကြီးက စစ်ကောင်စီ တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။