အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ အခမ်းအနားတွေ ကျင်းပ
2015.12.10

ဒီကနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ် ပါတယ်။
မြန်မာနိုင်ငံက မြို့အတော်များများမှာ လူ့အခွင့်အရေးကာကွယ်သူတွေ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှား သူတွေက အခမ်းအနားတွေ ကျင်းပကြပါတယ်။
ဒီကနေ့ ညနေ ၅ နာရီမှာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာရှိတဲ့ HRDP လူ့အခွင့်အရေးရုံးခန်းမှာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ သံတမန်တွေကလည်း တက်ရောက်ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ကို ပတ်ပြီး စက်ဘီးစီးပြီး လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြပါတယ်။ အလားတူ ဒီကနေ့ မနက်ကလည်း မန္တလေး ကျုံးဘေးမှာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေအကြောင်းကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။