မြန်မာကို အီတလီ ကူညီမည်
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီထွန်းကားရေးမှာ အခုလို အရေးကြီးတဲ့အချိန်အခါမှာ လာရောက်လည်ပတ် ခွင့်ရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အီတလီ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ထောက်ခံကူညီသွား မှာဖြစ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni က ပြောပါတယ်။
-
2016-04-06 -
-
-
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီထွန်းကားရေးမှာ အခုလိုအရေးကြီးတဲ့အချိန်အခါမှာ လာရောက်လည်ပတ်ခွင့်ရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အီတလီအစိုးရအနေ နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံကူညီသွား မှာဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni က ပြောပါတယ်။
ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အီတလီ နိုင်ငံခြားရေး ဝန်ကြီး Paolo Gentiloni က ပြောခဲ့တာပါ။
"နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုကြောင်းနဲ့ ရှေ့ဆက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေမှာ အီတလီက အဖွဲ့ဝင်ဖြစ်တဲ့ ဥရောပသမဂ္ဂအနေနဲ့ ဘယ်လိုပါဝင်ကူညီနိုင်မလဲဆိုတာ ကို ဆွေးနွေးခဲ့ကြောင်း မြန်မာပြည်သူတွေကို သိစေချင်တာက အီတလီအစိုးရက ထောက်ခံကူညီသွား မှာဖြစ်ကြောင်း" ပြောခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်ဆွေးနွေးတဲ့အထဲမှာ အီတလီ နဲ့ မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးကိစ္စကိုလည်း အဓိက ထားဆွေးနွေးကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအပြောင်းအလဲအတွက် လတ်တလောကြိုးပမ်းချက်တွေအကြောင်းနဲ့ အီတလီ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးအကြောင်းတွေ ဆွေးနွေးကြောင်း သတင်းထောက်တွေကို ပြောပါတယ်။