၂ဝ၁၇ အတွင်း မြန်မာမှာ ဂျပန် ရင်းနှီးမြှုပ်နှံမှု အမြင့်မားဆုံးရောက်ရှိ


2018.05.29
yangon-622 ရန်ကုန်မြို့ကို တွေ့ရစဉ်
Photo: RFA

၂ဝ၁၁ အရပ်ဖက်အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုဟာ ၂ဝ၁၇ မှာ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပမာဏာအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ နီးပါးရှိခဲ့တယ်လို့ Japan Times သတင်းစာက ဒီကနေ့ ရေးသားပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုအများစုဟာ စီးပွားရေးအဆောက်အဦတွေ တည်ဆောက်ရေးနဲ့ သံမဏိထုတ်လုပ်ရေး စီမံကိန်းတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဂျပန်ရင်းနှီးမြှုပ်နှံဟာ အရင်စံချိန်တင်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က ပမာဏထက် ကျော်လွန်ခဲ့ပြီး ၂ဝ၁၆ ကထက် ၄ ဆတက်လာတယ်လို့ ဆိုပါတယ်။

၂ဝ၁၇ ခုနှစ်မှာ ဂျပန်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု စတုတ္ထ အများဆုံးနိုင်ငံဖြစ်လာပြီး စင်္ကာပူ၊ တရုတ်နဲ့ နယ်သာလန်နိုင်ငံတွေက အပြီး အများဆုံးဖြစ်လာခဲ့ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုမှာ အခုလို ရင်းနှီးမြှုပ်နှံမှု တိုးလာတာဟာ လက်ရှိမြန်မာအစိုးရရဲ့ မူဝါဒ အကောင်ထည်ဖော်မှုနဲ့ ရိုဟင်ဂျာ မွတ်စလင်ပြဿနာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နံှမှုတွေအကြား စိုးရိမ်မှုတွေ လျော့နည်းလာတဲ့ သဘောဖြစ်ပါတယ်လို့ ဂျပန်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဂျပန် ပြည်ပကုန်သွယ်ရေးအဖွဲ့က အကြံပေးအဖွဲ့က တာကာဟိဒေ တာဟာရားက ဂျပန်တိုင်းစ်သတင်းစာကို ဖြေကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။