အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည် ကို ရောက်ရှိ


2013.04.02
jimmy-carter-305.jpg အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနဲ့ ဇနီးကို တွေ့ရစဉ်
photo: carter foundation

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှု လုပ်ငန်းစဉ်တွေမှာ အကူအညီပေးနိုင်မယ့် အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် သမ္မတဟောင်း Jimmy Carter  ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း  သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရထိပ်တန်း ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့  တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာဟာ ကာတာဖေါင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ပြည်သူ့ကျန်းမာရေး အထောက်အကူပြု စီမံကိန်းတွေ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စီမံကိန်းတွေကို ဦးဆောင်နေသူဖြစ်ပါတယ်။

သမ္မတကာတာ မြန်မာနိုင်ငံမလာခင် သူ့ရဲ့ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဖြစ်ပြီး ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၂ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။