ကချင် ဒုက္ခသည်စခန်းတွေမှာ ခရစ်စမတ်ပွဲ ဆင်နွှဲ
2013.12.25

မြစ်ကြီးနားမြို့နဲ့ ၈မိုင်လောက်သာဝေးတဲ့ ပလနကျေးရွာ အပိုင်း ၅ မှာ ကျင်းပတဲ့ ခရစ်စမတ် အခါသမယ ဆုတောင်းပွဲကို မြစ်ကြီးနားတဝိုက်က စစ်ဘေးဒုက္ခသည်စခန်းတွေက ကချင်တိုင်းရင်း သားတွေ စုစုပေါင်း ၂ ထောင်ကျော်လောက် တက်ရောက်ဆုတောင်းခဲ့ကြပါတယ်။
မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင ်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ဦးယိမ်းခေါက ခရစ္စမတ်နေ့ အခမ်းအနားကို ဒုက္ခသည်စခန်းမှာ သီးခြားမလုပ်တော့ပဲ အသင်းတော်မှာစုပေါင်းပြီး ဘုရားရှိခိုးဆုတောင်းခဲ့တယ်လို့ RFA ကိုပြောပါတယ်။
အလားတူ ခရစ်စမတ်ပွဲတော်တွေကို ဒုက္ခသည်စခန်းတွေမှာ သီးခြားစီ ကျင်းပတာလည်း ရှိပါတယ်။ ဒီနှစ် ခရစ်စမတ်အချိန်ဟာ ခါတိုင်းနှစ်ထက် အအေးပိုတာကြောင့် ဒုက္ခသည်စခန်းအတော်များများ မှာ စောင်လိုအပ်မှုရှိတယ်လို့လည်း သိရပါတယ်။
ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကျင်းပခဲ့တဲ့ ခရစ္စမတ်နေ့ အခမ်းအနားတွေကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။