တနိုင်းမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွား
2015.04.21

ကချင်ပြည်နယ် တနိုင်းမြို့နယ် ကောင်ရာကျေးရွာအနီး မှာ တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ် ဒကစ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံတပ်တို့ မနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒီနေ့မနက်အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကောင်ရာကျေးရွာက ဒေသခံ ၁၀၀ နီးပါးဟာ တနိုင်းမြို့ပေါ်ကို ထွက်ပြေးလာတယ်လို့ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဋ္ဌေးမောင်က RFA ကို ပြောပါတယ်။
"မနေ့က မနက် ၉ နာရီကျော်ကျော်လောက်က တစ်ခါဖြစ်တယ်၊ ညနေပိုင်းမှာ တစ်ခါဖြစ်တယ်ခင်ဗျ၊ ဒီနေ့မနက်ပိုင်းမှာ တစ်ခါဖြစ်ပါတယ်၊ တနိုင်းမြို့ကို တိမ်းရှောင်နေတဲ့ အဖွဲ့တွေတော့ရှိပါတယ် ၊ လောလောဆယ်မှာတော့ ၉၂ ယောက်ရှိပါတယ်၊ နှစ်ခြင်းအသင်းတော်မှာ နေရာချထားပေးပါတယ်၊ ကျနော်တို့မြို့နယ်က သူတို့ရဲ့စားရေးသောက်ရေးကို စီစဉ်ပေးထားပါတယ်"
တနိုင်းမြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာရှိတဲ့ ကောင်ရာကျေးရွာအနီးမှာ အစိုးရတပ်မတော် ခလရ ၂၃၈နဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။
မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က နှစ်ဖက်တပ်တွေကို ညှိနှိုင်းဖို့ စီစဉ်နေပါတယ်။
အလားတူ ဒီလ ၁၈ ရက်နေ့က ဖားကန့်မြို့နယ် ကံဆီးဟောရွာအနီးမှာ အစိုးရရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် စကခ ၇ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။