ကချင်ဒေသခံပြည်သူတွေအရေး စိုးရိမ်ကြောင်း ယူနီဆက် ပြောကြား


2014.04.22
kachin-refugee-camp-children-b305 ကချင်ပြည်နယ်အတွင်း ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေကြသော ကချင်ဒုက္ခသည် ကလေးငယ်နှစ်ဦး ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် တွေ့ရစဉ်။
AFP

ကချင်ပြည်နယ်တောင်ပိုင်း မန်ဝိန်းကြီးဒေသမှာ မကြာခင် က ဖြစ်ပွားခဲ့တဲ့ မြန်မာအစိုးရ တပ်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒေသ တွင်း ကျေးရွာတွေက ကလေးသူငယ် ၁၀၀၀ နီးပါး အပါအဝင် ပြည်သူထောင်ပေါင်းများစွာ ဒုက္ခသည် စခန်းတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ ရံပုံငွေအဖွဲ့ ယူနီဆက်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဟာ မြန်မာနိုင်ငံမှာ  မြေမြှပ်မိုင်း အများဆုံးဒေ သတွေဖြစ်ပြီး အခုတိုက်ပွဲတွေမှာ လည်းနှစ်ဘက် စလုံး မြေမြှပ် မိုင်းတွေ သုံးနေတယ်လို့ ယူနီဆက် ရဲ့ကြေညာချက် မှာ ဖော်ပြ ထားပါတယ်။ မိုင်းဟောင်းတွေအပြင် အသစ်ထောင်ထား တဲ့ မြေမြှပ်မိုင်းတွေကြောင့် ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည် သူတွေနဲ့ လူသားချင်းစာနာ ထောက် ထားရေးလုပ်ငန်းတွေကို အန္တရာယ်ဖြစ်စေတဲ့အတွက် စိုးရိမ်ကြောင်းလည်း ယူနီဆက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကိုထောက်ပြီး အစိုးရတပ်နဲ့ KIA နှစ်ဘက်စလုံးက တိုက်ခိုက် တာတွေရပ်ဖို့၊ မြေမြုပ်မိုင်းအန္တရာယ်က အကာကွယ်ပေးဖို့နဲ့ ကလေးစစ်သားစုဆောင်းတာတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်ဖို့လိုကြောင်းလည်း ယူနီဆက်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအကြီးအကဲ ဘက်ထရန် ဗိန်းဘဲလ် (Bertrand Bainvel) က ဒီကနေ့ကြေညာချက်မှာ ပြောကြားထား ပါတယ်။

ကချင်ပြည်နယ်တောင်ပိုင်း မန်ဝိန်းကြီးဒေသမှာ မကြာခင် က ဖြစ်ပွားခဲ့တဲ့ မြန်မာအစိုးရ တပ်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒေသ တွင်း ကျေးရွာတွေက ကလေးသူငယ် ၁၀၀၀ နီးပါး အပါအဝင် ပြည်သူထောင်ပေါင်းများစွာ ဒုက္ခသည် စခန်းတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ ရံပုံငွေအဖွဲ့ ယူနီဆက်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဟာ မြန်မာနိုင်ငံမှာ  မြေမြှပ်မိုင်း အများဆုံးဒေသတွေဖြစ် ပြီး  အခုတိုက်ပွဲတွေမှာလည်း နှစ်ဘက်စလုံး မြေမြှပ် မိုင်းတွေ သုံးနေတယ်လို့ ယူနီဆက်ရဲ့ကြေညာချက် မှာ ဖော်ပြ ထားပါတယ်။ မိုင်းဟောင်းတွေအပြင် အသစ်ထောင်ထားတဲ့ မြေမြှပ်မိုင်းတွေကြောင့် ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည် သူတွေနဲ့ လူသားချင်းစာနာ ထောက်ထားရေးလုပ်ငန်းတွေကို အန္တရာယ်ဖြစ်စေတဲ့အတွက် စိုးရိမ်ကြောင်းလည်း ယူနီဆက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကိုထောက်ပြီး အစိုးရတပ်နဲ့ KIA နှစ်ဘက်စလုံးက တိုက်ခိုက် တာတွေရပ်ဖို့၊ မြေမြုပ်မိုင်းအန္တရာယ်က အကာကွယ်ပေးဖို့နဲ့ ကလေးစစ်သားစုဆောင်းတာတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်ဖို့လိုကြောင်းလည်း ယူနီဆက်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ ဘက်ထရန် ဗိန်းဘဲလ် (Bertrand Bainvel) က ဒီကနေ့ကြေညာချက်မှာ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။