စွန့်ပစ်ရေကန် ကျိုးပေါက် မှု ရေဖြူမြို့နယ် ဒေသခံများဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်ရေး လုပ်ကိုင်နေတဲ့ Delco ကုမ္ပဏီဝင်းအတွင်း က စွန့်ပစ်ရေကန် ကျိုးပေါက်ခဲ့တာကြောင့် ဒေသခံ ၃၀၀ နီးပါးက ကုမ္ပဏီကို ဒီကနေ့ ဆန္ဒပြကန့်ကွက်ကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ ဇန်နဝါရီလ ၁၈ ရက်နေ့က သတ္တုတူးဖော်ရေး လုပ်ကိုင်နေတဲ့ Delco ကုမ္ပဏီကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြစဉ် Photo: U Khin Soe

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်ရေး လုပ်ကိုင်နေတဲ့ Delco ကုမ္ပဏီဝင်း အတွင်းက စွန့်ပစ်ရေကန် ကျိုးပေါက်ခဲ့တာကြောင့် ဒေသခံ ၃၀၀ နီးပါးက ကုမ္ပဏီကို ဒီကနေ့ ဆန္ဒပြကန့်ကွက်ကြ ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ မနက်အစောပိုင်းမှာ စွန့်ပစ်ရေကန် ကျိုးကျတာကြောင့် ဒေသခံတွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အတွက် ဆန္ဒပြကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မြို့ခံ ဦးခင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဲဒီ့စွန့်ပစ်ရေကန် ကျိုးပေါက်တာကြောင့် ရေကန်ကနေ ထွက်ကျလာ တဲ့ နုန်းရေတွေကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ယောက် သေဆုံးခဲ့ပြီး လူနေအိမ် ၄၀ လောက် နုန်းလွှမ်းခံခဲ့ရပါတယ်။ ကလေးငယ်သေဆုံးမှုမှာ ကုမ္ပဏီဘက်က ငွေကျပ် သိန်း ၇၀ လျော်ကြေးပေးခဲ့တဲ့အတွက် မိဘဖြစ်သူတွေက အမှုကို ရုပ်သိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၆ရက်နေ့က ကျိုးပေါက်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ကံပေါက်ကျေးရွာထဲမှာ နုန်းရေ ၄ပေလောက် မြင့်တက်ခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒေသခံ ၃၀၀ နီးပါးက ကုမ္ပဏီ ၊ အစိုးရနဲ့ ဒေသခံတွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ပေးဖို့ ၊ သဘာဝပတ်ဝန်း ကျင် မထိခိုက်အောင် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့၊ ချောင်းတွေထဲကို ရေဆိုးစွန့်ပစ်တာတွေကို ရပ်ဆိုင်းဖို့၊ Delco ကုမ္ပဏီရဲ့ ခဲမဖြူ၊ အဖြိုက်နက်နဲ့ တခြားသတ္တုတွေ တူးဖော်နေတဲ့လုပ်ငန်းတွေကို ရုပ်သိမ်းပေးဖို့ စတဲ့ အချက်တွေ ကို တောင်းဆိုခဲ့ကြပါတယ်။

ဒေသခံ ဦးခင်စိုးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org