စွန့်ပစ်ရေကန် ကျိုးပေါက်မှု သေသူ အတွက် လျော်ကြေးပေး


2015.09.28
kanpauk-620.jpg တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီရဲ့ စွန့်ပစ်နုန်းရေကို စက်တက်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်ရေး လုပ်နေတဲ့ Delco ကုမ္ပဏီဝင်းမှာ စွန့်ပစ်ရေကန်ကျိုးကျတာကြောင့် အနီးကရွာက ကလေးတစ်ဦးသေဆုံးခဲ့တဲ့အတွက် ကုမ္ပဏီက လျော်ကြေး ကျပ်သိန်း ၇ဝ ပေးတယ်လို့ သိရပါတယ်။

ကုမ္ပဏီကပေးတဲ့ လျော်ကြေးကို မိဘတွေက လက်ခံလိုက်တယ်လို့ ရေကန်ကျိုးကျမှု ကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကို ကူညီပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးခင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က စွန့်ပစ်ရေကန်ကျိုးကျပြီး လူသေဆုံးမှု ဖြစ်ခဲ့တာကြောင့် Delco ကုမ္ပဏီရဲ့ စက်ရုံမန်နေဂျာ ၂ ယောက်ကို သေမှုသေခင်း နဲ့ ရေဖြူမြို့နယ်ရဲစခန်းက အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ရေကန်ပြိုကျမှုကြောင့် မြသီတာ၊ ခိုင်သဇင်နဲ့ မဂ္ဂင်ရပ်ကွက်တွေက နေအိမ် ၁၉ လုံး ရေစီးနဲ့ မျောပါပျက်စီးသွားပြီး အဲဒီအိမ်တွေအတွက် ကျပ်သိန်း ၃ဝ တန်ဖိုးရှိတဲ့ အိမ်တွေကို ပြန်ဆောက်ပေးနေတယ်လို့ သိရပါတယ်။

အဲဒီ ၁၉ လုံးအပြင် ကျန်တဲ့ နုန်းတွေဖုံးလွှမ်းခံရတဲ့ အိမ်ခြေ ၄ဝ ကျော်နဲ့ ရေစီးနဲ့မျောပါ သေဆုံးခဲ့တဲ့ တိရိစ္ဆာန်တွေအတွက်တော့ လျော်ကြေး ပေးခြင်းမရှိဘူးလို့ သိရပါတယ်။

ထားဝယ်မြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးခင်စိုးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။