မြို့မအားကစားကွင်း ဟိုတယ်စီမံကိန်း ဘားအံမြို့ခံများ ဆန့်ကျင်ကန့်ကွက်


2013.08.15

ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းက အကျယ် ၃ ဧကကျော်ရှိတဲ့ မြို့မ အားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီ တစ်ခုက ဟိုတယ် ဆောက်လုပ်ဖို့ စီစဉ်နေတာကို မကျေနပ်တဲ့ ဒေသခံတွေက ဒီနေ့နေ့လည်ပိုင်းက  ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ သရက်တောကျောင်း တိုက်မှာ ဆွေးနွေးပွဲကျင်းပပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သတင်း ထုတ်ပြန်ရေး တာန်ခံ အရှင်ဂမ္ဘီသာရက RFA ကို ပြောပါတယ်။

၁၉၄၇ တုန်းက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ကရင်ပြည်နယ်ကို စည်းရုံးရေးလာတုန်းက ဗိုလ်ချုပ်မိန့်ခွန်းပြောခဲ့တဲ့၊ ဘားအံမြို့ စတည်ကတည်းကရှိခဲ့တဲ့ ဘားအံမြို့ မြို့မအားကစားကွင်းမှာ ကုမ္ပဏီတွေက ဟိုတယ်ဆောက်လုပ်ဖို့အတွက် ဦးဇင်းတို့ ကန့်ကွက်ဖို့အတွက် အစည်းအဝေးပြုလုပ်တာပါ၊ အခုလောလောဆယ်တော့ ကွင်းပတ်ပတ်လည်မှာ သွပ်ပြားတွေနဲ့ ကာပြီးတော့အထဲမှာ အုတ်တွေ၊ သဲတွေ၊ သံချောင်းတွေပုံတယ်၊ နောက်ပြီးတော့ ဖောင်ဒေးရှင်းအတွက် မြေကြီးတွေတူးနေပြီ၊ ဒါကိုသဘောမတူဘူး၊ ကန့်ကွက်ကြောင်း ဦးဇင်းတို့ လက်မှတ်ထိုးပြီးတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဆီ ပို့ပေးမှာပါ

အခုပြုလုပ်တဲ့ ဆွေးနွေးပွဲကို ကရင်ပြည်နယ် သံဃာ့ နာယက ဥက္ကဌ ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော် အပါအင် မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းပေါင်း ၄ ကျော်က ကျောင်းထိုင် ဆရာတော်အပါး ၄ ကျော်နဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ဲဒီဟိုတယ် စီမံကိန်းကို ကန့်ကွက်ကြောင်း လက်မှတ်တွေကို စုပေါင်း ရေးထိုးခဲ့ကြြပီး ရရှိတဲ့ လက်မှတ်တွေကို ကရင်ပြည်နယ် န်ြကီးချုပ်ဆီ ပို့မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။