ကရင်တိုင်းရင်းသားများက ဘန်ကီမွန်းကို လက်မှတ်ရေးထိုး မေတ္တာရပ်ခံ

မြန်မာပြည်တွင်းက တိုက်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ကုလသမဂ္ဂအနေနဲ့ ကူညီဖြေရှင်းပေးဖို့ ကရင်တိုင်းရင်းသားတွေက အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မေတ္တာရပ်ခံလိုက်ပါတယ်။

2011.03.01
Karen_refugees_FBR_305_z နအဖစစ်တပ်၏ လိုက်လံ တိုက်ခိုက်မှုကြောင့် အိုးအိမ်ကို စွန့်၍ ထွက်ပြေးနေကြရသော ကရင်ဒုက္ခသည်များကို တောတွင်းတနေရာမှာ တွေ့ရပုံဖြစ်ပါသည်။
(Photo: Free Burma Rangers)

ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးက ဦးစီးပြီး ကရင်တိုင်းရင်းသား ၈၄,၀၀၀ နီးပါး လက်မှတ် ရေးထိုးထားတဲ့ ဒီပန်ကြားလွှာကို ဗြိတိသျှ ဝန်ကြီးချုပ် David Cameron နဲ့ သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard အပါအဝင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့နိုင်ငံတွေက အစိုးရတွေထံ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ တပြိုင်နက်တည်း ပေးပို့ခဲ့ပါတယ်။

ကရင်တိုင်းရင်းသား ပြည်သူတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် လှုပ်ရှားဆောင်ရွက်တာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဒီကိစ္စကို အရေးတယူ ဆောင်ရွက်လိမ့်မယ်လို့ ပြည်ပရောက် ကရင်တိုင်းရင်းသားအဖွဲ့တွေက ယုံကြည် မျှော်လင့်နေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဗြိတိန်အခြေစိုက် ကရင်တိုင်းရင်းသားများအဖွဲ့ နာယက နော်ထူးခူဆာဆေးနဲ့ သြစတြေးလျ အခြေစိုက် ကရင်တိုင်းရင်းသားများအဖွဲ့ AKO ဥက္ကဋ္ဌ ဦးစောလွင်ဦးကို ဆက်သွယ်မေးမြန်းပြီး RFA မှ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။