ကေအိုင်အေနဲ့ တပ်မတော် တိုက်ပွဲတွေ ပြင်းထန်


2016.09.23
kia-soldiers-620.jpg ကချင်ပြည်နယ် လိုင်ဇာမြို့မှာ လုံခြုံရေးယူနေတဲ့ KIA စစ်သားနှစ်ဦးကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်နဲ့ လိုင်ဇာမြို့တွေနားမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တို့ကြား အခုလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ရဲ့ နည်းပညာ အထောက်အကူပြု အလုပ်အဖွဲ့ခေါင်းဆောင် ဦးဒေါင်ခါးက အခုလို ပြောပါတယ်။

"လက်နက်ငယ်နဲ့ပစ်တဲ့အဆင့်တော့ မဟုတ်တော့ဘူးလေ။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတော့တာ။ ဝိုင်းမော်မြို့ပေါ်မှာ ထောက်ပြီးတော့ မြေပုံအညွှန်းပြောမယ်ဆိုလို့ရှိရင် အရှေ့မြောက်ဘက် စွန်းလောက်မှာကျတယ်။ တောင်တန်းတွေပေါ့။ လိုင်ဇာမြို့ကနေဆိုလို့ရှိရင်လည်း အရှေ့မြောက်ဘက် မှာကျတယ်။ ဗန်းမော်လည်း သူဟာနဲ့သူဖြစ်နေတာပဲ။ စစ်တပ်က အခုချိန်ထိ တိုက်ပွဲမှာ တရားဝင် အကျဆုံးစာ ရင်းက ကိုးကန့်ဒေသကလွဲရင် ဘယ်ဒေသကဟာမှ မဖော်ပြဘူးလေ။ ကျနော်တို့ဘက်က ကျတဲ့ဟာကတော့ နှစ်ယောက်လောက်တော့ရှိတယ်"

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းကစတင်ပြီး တိုက်ပွဲတွေ နေရာအန့ှံ ဖြစ်ပွားခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေတဲ့အချိန်မှာ တိုက်ပွဲတွေ ရပ်သွားခဲ့ပေမယ့် ညီလာခံကျင်းပပြီး နောက်ပိုင်း ပြန်ဖြစ် လာတယ်လို့ ပြောပါတယ်။

တစ်လကျော်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ဖားကန့်- တနိုင်းလမ်းတလျှောက် ကျေးရွာတွေ က ဒေသခံ ၂၀၀၀ ကျော်လောက်ဟာ တနိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား စတဲ့မြို့တွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အစိုးရနဲ့ ကေအိုင်အေတပ်တွေကြား ဖြစ်ပွားလေ့ရှိတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ နှစ် ဖက် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ စည်းထားတဲ့ ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့အနေနဲ့လည်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီး နောက်ပိုင်း ဆက်လက်တွေ့ဆုံတာ မရှိတော့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။