ဖားကန့်မြို့နယ်က KIO တိုက်နယ်ရုံး ဝင်ရောက်စီးနင်းခံရမှု ခုနစ်ဦးသေဆုံး
RFA Burmese
2023.06.21
2023.06.21

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူရွာ ရပ်ကွက် (၃) မှာရှိတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ တိုက်နယ်ရုံးကို စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက် ဒီနေ့မနက် ၃ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့လို့ ၇ ဦးသေဆုံးပြီး လူတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေနဲ့ KIO သတင်းရင်းမြစ်တွေက RFA ကိုပြောပါတယ်။
ရုံးစောင့်နဲ့ KIO ကဖမ်းထားတဲ့ အကျဉ်းသားတွေ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိပြီး ရုံးကိုတော့ စစ်တပ်က မီးရှို့သွားတယ်လို့ ဆိပ်မူရွာခံတစ်ဦးက ပြောပါတယ်။
“ဒီမနက် ၃ နာရီလောက်မှာ စစ်ကောင်စီတွေက သေနတ်တွေပစ် လက်နက်ကြီးတွေ ပစ်ထည့်ပြီး ဝင်စီးတာ။ KIO အရာရှိတွေ မနေ့က ရှိမနေတော့ မပါသွားဘူး။ အဲဒီမှာ ရုံးစောင့်တွေနဲ့ KIO ကဖမ်းထားတဲ့ အကျဉ်းသားတွေပဲ ရှိတဲ့အချိန်မှာ ဖြစ်သွားတာ။ ဒီမနက် မိုးလင်းတဲ့အထိ သေနတ်သံတွေ ကြားနေရတုန်းပဲ။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး စစ်ကောင်စီဘက်ကပဲ ပစ်တာ။ သေတဲ့လူနဲ့ ဒဏ်ရာရတဲ့သူတွေနဲ့ ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိတယ်။ ရုံးကိုလည်း မီးရှို့သွားတယ်။ စစ်တပ်က အခုထိ ရှိနေသေးတယ်”
ဖားကန့်က KIO သတင်းရင်းမြစ်တစ်ဦးကတော့ အဲဒီရုံးမှာရှိနေတာက အကျဉ်းသား ၂၀ ဦးနဲ့ ရုံးစောင့် ငါးဦးတို့ဖြစ်ပြီး အဲဒီအထဲက ခုနစ်ဦးသေဆုံးခဲ့တာလို့ ပြောပါတယ်။ အကျဉ်းသားတွေကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမှုလိုမျိုး အမှုကြီးကြီးမားမားမဟုတ်တဲ့ အကျဉ်းသားတွေကို တိုက်နယ်ရုံးမှာ ထားတာဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒီသေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA ကသီးခြားအတည် မပြုနိုင်သေးပါဘူး။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အခုကိစ္စကို အွန်လိုင်း ပေါ်က သတင်းလောက်သာ သိရသေးပြီး အသေးစိတ်ဖြစ်စဉ်ကို မသိသေးဘူးလို့ RFA ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကလည်း လုံခြုံရေးကိစ္စတွေကို သူ့အနေနဲ့ ထဲထဲဝင်ဝင်မသိနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ်က စပြီး စစ်ကောင်စီ အရပ်သားပြည်သူတွေကို ဖမ်းဆီးမှုတွေ ပိုများလာသလို KIA/KIO၊ PDF နဲ့ သူတို့နဲ့ဆက်စပ်တဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။