မြန်မာလူငယ်နှစ်ဦး အာမခံရရှိရေး သံရုံးအထူးအဖွဲ့ တောင်းဆိုမည်
2014.11.19

ထိုင်းနိုင်ငံမှာ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံ ထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးကို မနက်ဖြန် Koh Samuei ခရိုင်တရားရုံးမှာ အာမခံပေးဖို့ တင်ပြသွား မှာဖြစ်တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့က ပြောပါတယ်။
အမှုစစ်ဆေးနေစဉ်ကာလမှာ အလုပ်သမား ၂ဦးကို အချုပ်အနှောင်နဲ့မထားဘဲ တရားရှင်လွှတ်ပေး ဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ အမှုကိုလိုက် ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူး အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"ကျနော်တို့က နက်ဖြန်ခါ ၂ ချက်ရှိပါတယ်၊ ၁ ချက်ကတော့ စတုတ္ထမြောက်ရမန်ပြည့်ပြီး တာကြောင့်မို့ ပဉ္စမမြောက်ရမန်တောင်း ရင်တောင်းမယ်၊ အဲ့ဒီလို ရမန်မတောင်းဘူး ဆိုရင်လည်း ကျနော်တို့ တရားရုံးကိုအမှှုတွဲ တင်ရမှာပါ၊ ကျနော်တို့ကတော့ ကလေးတွေကို အချုပ်အနှောင်ထဲထည့်မထားဖို့ဆိုတာကို တင်ပြဖို့အတွက် ကြိုတင်စီစဉ်နေပါတယ်"
ထိုင်းနိုင်ငံဥပဒေအရ အမှုတည်ဆောက်ဖို့အတွက် ရမန် ၇ ကြိမ်ယူခွင့်ရှိပြီး အဲ့ဒီကာလအတွင်း အမှုမတင်နိုင်ပါက တရားသေအဖြစ် တရားခံကို အပြီးလွှတ်ပေးရမှာ ဖြစ်ပါတယ်။
မနက်ဖြန်တရားရုံးချိန်းအတွက် မြန်မာသံရုံးအထူးအဖွဲ့နဲ့ ရှေ့နေများကောင်စီက မြန်မာအလုပ်သမား ၂ဦးကို ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။