တရားမဝင်သစ်သယ်မှု ဖော်ထုတ်ခဲ့တဲ့ ရဲတွေကို ရဲတရားရုံးစစ်ဆေး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းမှာ တရားမဝင်သစ်သယ်ဆောင်မှု ကို ဖော်ထုတ်တိုင်ကြားခဲ့တဲ့ ရဲတပ်သားတွေနဲ့ တာဝန်ရှိသူတွေကို မန္တလေးခရိုင်ရုံးအတွင်းက ရဲတရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးပါတယ်။
-
2018-05-21 -
-
-
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းမှာ တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်တိုင်ကြားခဲ့တဲ့ ရဲတပ်သားတွေနဲ့ တာဝန်ရှိသူတွေကို မန္တလေးခရိုင်ရုံးအတွင်းက ရဲတရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးပါတယ်။
စစ်ဆေးမှုမှာ တရားမျှတမှု ရှိ မရှိ စောင့်ကြည့်သွားမယ်လို့ သက်သေအဖြစ် စစ်ဆေးခံခဲ့ရတဲ့ ကျောက်ဆည်မြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ဦးကိုကိုလွင်က ပြောပါတယ်။
"တရားမျှတမှုမရှိဘူးဆိုတော့ ကျနော်တို့ အစီအစဉ်တွေတော့ရှိပါတယ်၊ ကျောက်ဆည်မြို့ရဲ့ လူထုအင်အားနဲ့ ကျနော်တို့ဆန္ဒဖော်ထုတ်မယ်၊ ပြီးရင် ဝန်ကြီးဆီရောက်အောင်သွားမယ်၊ ကျနော်တို့ တိုင်ကြားစာပို့ထားတာ မစုံသေးပါဘူး၊ နောက်ထပ်ကျန်ပါသေးတယ်"
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က တန်ချိန် ၅ တန်ခန့်ရှိတဲ့ ပိတောက်ရွေးတုံးတွေကို တရားမဝင်သယ်ဆောင်လာ တဲ့ဖြစ်စဉ်ကို ရဲတပ်သားတွေက ဖော်ထုတ်တိုင်ကြားခဲ့ရာမှာ ကျောက်ဆည်မြို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်ခဲ့တဲ့ ရဲတပ်သားတွေကို အန္တရာယ်မကျရောက်စေဘဲ ဝိုင်းဝန်း ကူညီဆောင်ရွက်ဖို့အတွက် ကျောက်ဆည်မြို့က လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ပြီးခဲ့တဲ့မေလ ၁ဝ ရက်နေ့က ဟိုတယ်ကျောက်ဆည်မှာ ကျင်းပခဲ့ကြပါတယ်။
တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်တိုင်ကြားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ အရာရှိတွေနဲ့ သက်သေတွေကို ဒီနေ့ စစ်ဆေးတာဖြစ်ပါတယ်။