မလေးရှားက ရေယာဉ်ကိစ္စဟာ တိုင်းပြည်ကို စော်ကားတာ လို့ ပြော


2016.12.30
kyawswe-620.jpg ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို ဒီဇင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီရဲ့ ထောက်ပံ့ရေးရေယာဉ်တွေ ရခိုင်ဒေသ ကို စေလွှတ်မယ်ဆိုတာဟာ မြန်မာနိုင်ငံကို စော်ကားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေ က ပြောပါတယ်။

နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာနမှာကျင်းပတဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်း အဝေးအပြီးမှာ သတင်းထောက်တွေကို ပြောတာဖြစ်ပါတယ်။

"ဘယ်လက်ခံလို့ရမလဲ ဒီဟာကတော့ အဓိပ္ပာယ်မရှိဘူးလေကွာ၊ တို့က နိုင်ငံတော်အစိုးရ ချင်းလာယူရ မှာလေ၊ ရခိုင်ပြည်နယ် တိုက်ရိုက်ဝင်သွားလို့ ဘယ်ရမလဲ၊ ဒီဟာကတော့ လက်ခံစရာအကြောင်းတစ်ခု မှရှိဘူး၊ လက်လည်းမခံဘူး၊ လာချင်ရင် တရားဝင်နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် လာပါ့မယ်၊ ဗဟိုအစိုးရကိုပဲ လာသတင်းပို့ရမယ်၊ ဘယ်ပြည်နယ်အစိုးရသွားပို့ ဘယ်လက်ခံလို့ရမလဲ၊ ဒါကတော့ တို့နိုင်ငံကိုစော်ကားတာ၊ လက်မခံဘူး ဆော်ရီး ဒါမျိုးလက်မခံဘူး"

ရခိုင်ပြည်နယ်ကိုထောက်ပံ့ဖို့ မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီက ဦးဆောင် တဲ့အဖွဲ့က ဦးဆောင်တဲ့ ရေယာဉ်တွေဟာ သူတို့သဘောနဲ့ သူတို့ ဇန်နဝါရီလ ၁၀ ရက်မှာ မလေးရှား ကနေ မြန်မာနိုင်ငံကို ထွက်ခွာမယ်လို့ မလေးရှားအခြေစိုက် စတားအွန်လိုင်းမှာ ယခုလ ၂၇ ရက်က ဖော်ပြ ထားပါတယ်။

အကူအညီတွေပေးပို့ခွင့်ရမှု၊ မြန်မာ့ရေပိုင်နက်အတွင်းက ပြန်လည်မောင်းထုတ်ခံရတာနဲ့ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေ က တားဆီးတာ စတဲ့ အခြေအနေ ၃ မျိုးအနက် တမျိုးမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ အဲဒီအဖွဲ့ အတွင်းရေးမှူးချုပ်က ပြော ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။