လယ်ယာမြေပြဿနာတွေ ဖြေရှင်း ဖို့ တိုင်းအစိုးရကို သူရဦးရွှေမန်း တိုက်တွန်း


2014.12.15
thura-u-shwe-mann-305.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပုံ
Photo: Thiha Tun/RFA

ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လယ် ယာမြေပြဿနာတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပုသိမ်မြို့၊ ကန်သာယာဗိုလ်ချုပ်ကြေးရုပ်ကွင်းမှာ ဧရာဝတီတိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်တွေ၊ လယ်သမားတွေနဲ့တွေ့ဆုံ စဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း က ပြောပါတယ်။

" ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ တောင်သူ လယ်သမားတွေရဲ့ဘဝနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာကို သူရှေးရှုပါတယ်၊ ကျနော်တို့ တိုင်းဒေသကြီးမှာဖြစ်နေတဲ့ လယ်သမားတွေလိုအပ်နေတဲ့၊ လယ်သမားတွေသိချင်နေတဲ့ လယ်ယာမြေပြဿနာတွေက များနေတာကို ဥက္ကဌကြီးအနေနဲ့ ပြောပါတယ်၊ ဒါနဲ့အခြေခံပြီးဖြေရှင်းဖို့ကို အစိုးရအဖွဲ့ကိုလဲ သူတိုက်တွန်းသွားပါတယ်၊ ရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်ချက်ချလုပ်ဖို့ ကိုလဲ ပြောသွားတာရှိပါတယ်"

ဒါ့အပြင် လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ ၇ ရရှိထားတဲ့ လယ်သမားတွေကို အစိုးရပိုင်ဘဏ်တွေကနေ ငွေ ထုတ်ချေးနိုင်အောင် စီစဉ်ပေးဖို့လိုအပ်ကြောင်းလည်း သူရဦးရွှေမန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်း ခဲ့ပါတယ်။

အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့အဖွဲ့တွေအပြင် ခရိုင် ၆ ခုက လယ်သမားကိုယ်စားလှယ် ၅၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်းကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။