တပ်သိမ်းမြေပြန်ရရေး လားရှိုးတောင်သူ နှစ်ရာခန့် ဆန္ဒပြ


2019.04.05
lashio-farmers-protest-622-5.jpg

တပ်သိမ်းမြေတွေကို ဥပဒေနဲ့အညီ ပြန်လည်ရရှိဖို့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် (Photo: Kan Thar/RFA)

lashio-farmers-protest-622-4.JPG

တပ်သိမ်းမြေတွေကို ဥပဒေနဲ့အညီ ပြန်လည်ရရှိဖို့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် (Photo: Kan Thar/RFA)

lashio-farmers-protest-622-3.JPG

တပ်သိမ်းမြေတွေကို ဥပဒေနဲ့အညီ ပြန်လည်ရရှိဖို့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် (Photo: Kan Thar/RFA)

lashio-farmers-protest-622-1.JPG

တပ်သိမ်းမြေတွေကို ဥပဒေနဲ့အညီ ပြန်လည်ရရှိဖို့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် (Photo: Kan Thar/RFA)

တပ်သိမ်းမြေတွေကို ဥပဒေနဲ့အညီ ပြန်လည်ရရှိဖို့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တောင်သူ နှစ်ရာခန့်က ဒီနေ့ မနက်က လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

လားရှိုးမြို့နယ် အမှတ် ၉ ရပ်ကွက်နဲ့ အမှတ်၁၂ရပ်ကွက်ကြားက ခေးခမ်းကျေးရွာနဲ့ ဘူတာခေးနင်းကျေးရွာက တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေဟာ အမှတ် ၃၄၆ အမြောက်တပ်၊ လစရ(၇) နဲ့ လဆသ (၇) တပ်နယ်နိမိတ်အတွင်း ပါဝင်တယ်ဆိုပြီး ဒေသခံတောင်သူတွေနဲ့ မကြာခဏ မြေယာအငြင်းပွားမှုဖြစ်နေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဘူတာခေးနင်းရွာနဲ့ ခေးခမ်းရွာက တောင်သူနှစ်ရာခန့်ဟာ သူတို့ မြေတွေ ဥပဒေအတိုင်း ပြန်ရဖို့၊ တပ်နယ်ထဲ ပါဝင်တယ်ဆိုပြီး သိမ်းထားတဲ့မြေတွေကို ခြံကွက်ရိုက်ပြီး ရောင်းနေတာတွေကို ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့၊ အဲဒီ သိမ်းဆည်းထားတဲ့မြေတွေထဲမှာ စီမံကိန်း အကောင်အထည်မဖော်နိုင်တဲ့မြေတွေကို တောင်သူတွေကိုပြန်ပေးဖို့စတဲ့ ကြွေးကြော်သံတွေနဲ့ လားရှိုးဘူတာကနေ လားရှိုးမြို့ မြို့တော်ခန်းမအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

တပ်သိမ်းမြေတွေကိစ္စ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး လားရှိုးခရိုင်ထွေအုပ်နဲ့မြေစာရင်းဌာန တာဝန်ရှိသူတွေကို RFA က ဒီနေ့ သွားရောက်တွေ့ဆုံမေးမြန်းရာမှာ တာဝန်ရှိသူတွေ ခရီးသွားနေကြောင်း ဝန်းထမ်းတွေက ပြောပါတယ်။ ဒါ့အပြင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် စစ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေး ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်းရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။