ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ဟု ပညာရှင်တွေပြော

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ စနစ်တကျဆောင်ရွက်ခြင်း မရှိရင် ကြေးစင်တောင်၊ စပယ်တောင် ဒေသတွေမှာလိုပဲ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်လာနိင် တယ်လို့ ဒေသတွင်း သီတင်း ၂ပတ်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံလေ့လာရေးအဖွဲ့က ဒုတိယခေါင်းဆောင် ဦးစိုသူရထွန်းက RFA ကို ပြောပါတယ်။

2013.01.12

လက်ရှိ လက်ပန်းတောင်ဒေသမှာ အပေါ်ယံမြေလွှာတွေ ထုတ်ယူတဲ့လုပ်ငန်းသာ စတင်သေးတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မူ သိသိသာသာ မမြင်တွေ့ရသေးပေမဲ့ ရေရှည်ဆောင်ရွက်ရင် သိသာထင်ရှားတဲ့ ပျက်ယွင်းမှုတွေရှိနိုင်တယ်လို့  ဦးစိုးသူရထွန်း ပြောပါတယ်။

မြန်မာ့ပတ်ဝန်းကျင် သိပ္ပံလေ့လာရေးအဖွဲ့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တာဝန်ပေးချက်အရ ပြီးခဲ့တဲ့ ဒီဇင်္ဘာလ ၂၈ရက်နေ့ကစပြီး လက်ပန်းတောင်ဒေသတွင်း ပဏာမကွင်းဆင်းလေ့လာစဉ် တွေ့ရှိချက်ကို အခြေခံပြီးပြောဆိုတာ ဖြစ်ပါတယ်။

အဖွဲ့ဝင်ပညာရှင် ၁၂ဦးက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မူ၊ လူမှုဘဝအကျိုးသက်ရောက်မူစတဲ့ ဖြစ်ပျက်မှုများ၊ အကျိုးဆက်များနဲ့ ပတ်သက်ပြီး ဘာသာရပ် ၁၁မျိုးကို ပမာဏလေ့လာခဲ့တာဖြစ်ပြီး ရယူလာတဲ့နမူနာများကို ရန်ကုန်မှာရှိတဲ့ ဓါတ်ခွဲခန်းများအပြင်၊ တချို့ကို ဘန်ကောက်မြို့ကိုပို့ဆောင်ပြီး ဓါတ်ခွဲစမ်းသပ်လျက်ရှိပါတယ်။

အဖွဲ့ကတွေ့ရှိချက်များကို လာမဲ့အပတ်အတွင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အစီရင်ခံစာတင်သွင်းမယ်လို့ သိရပါတယ်။ ဦးစိုးသူရထွန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။