နိုင်ငံတဝှမ်း လမ်း၊ တံတား အသုံးပြုခကောက်ခံမှု ရုပ်သိမ်း


2016.04.01
bridge-620.jpg မြစ်ကူးတံတားတစ်စင်းကို တွေ့ရစဉ်
.

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လမ်း၊ တံတား အသုံးပြုခကောက်ခံဂိတ် (၁၆၁) ဂိတ်ကို ဧပြီလ (၁) ရက်နေ့ ဒီနေ့ကစပြီး ကောက်ခံတာကို ပယ်ဖျက်လိုက်ကြောင်း အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

လမ်း တံတားကြေး ကောက်ခံတဲ့ ဂိတ်တွေမှာ ရန်ကုန်တိုင်းက (၃) ဂိတ်၊ စစ်ကိုင်းတိုင်း (၃၉)ဂိတ်၊ တနင်္သာရီ တိုင်းက (၉)ဂိတ်၊ ပဲခူး တိုင်းက (၉)ဂိတ်၊ မကွေးတိုင်းက (၂၂)ဂိတ်၊ မန္တလေးတိုင်းက (၆)ဂိတ်၊ ကယားပြည် နယ်က (၄)ဂိတ်၊ မွန်ပြည် နယ်က (၄) ဂိတ်၊ ရခိုင်ပြည်နယ်က (၁၈)ဂိတ်၊ ရှမ်းပြည်နယ်က (၂၅) ဂိတ် နဲ့ ဧရာ ဝတီတိုင်းက (၂၂) ဂိတ်ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လမ်း၊ တံတား အသုံးပြုခကောက်ခံတဲ့ ဂိတ်ပေါင်း ၃၀၀ ကျော်ရှိပြီး နောက်ဆက်တွဲ ဂိတ်တွေကိုလည်း ဖော်ပြသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။