ကြေးနီတောင် စီမံကိန်းသပိတ်စခန်းမှာ ဒဏ်ရာရ သံဃာ ငါးပါးကို ထိုင်းနိုင်ငံမှာ ကုသမည်
2012.12.09

ထိုင်းနိုင်ငံကိုပို့ဆောင်မယ့် သံဃာတော်တွေအနက် ဒီကနေ့ ညနေပိုင်းမှာ ဒဏ်ရာပြင်းထန်တဲ့ ဆရာတော် ဦးသိက္ခဉာဏကို ပထမဆုံးရန်ကုန်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေ ဆေးဝါးကုသမူအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့က ဦဇန္ဒက အခုလိုမိန့်ပါတယ်။
သံဃာတော်များ ထိုင်းနိုင်ငံမှာ ဆေးဝါကုသမှုနဲ့ စားရိတ်တွေကို ထိုင်းနိုင်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်က တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းကလည်း ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒဏ်ရာရရှိကြတဲ့ သံဃာတော်များကို မန္တလေးဆေးရုံကြီးနဲ့ ကန်တော်နဒီ ဆေးကုခန်းတွေမှာ သွားရောက်ကြည့်ရူပြီး ဒဏ်ရာရသံဃာတွေအပြင် သံဃာတွေကိုပြုစုစောင့်ရှောက်နေတဲ့ ဆရာတော်များ အဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့မှာရှိတဲ့အလှူရှင်တွေက ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကတစ်ဆင့် လှူလိုက်တဲ့ အလှူငွေ ကျပ် ၁၄သိန်း ၈သောင်းကို လှူဒါန်းခဲ့ပါတယ်။
ဒီကနေ့ ကန်တော်နဒီ ဆေးခန်းမှာ တက်ရောက်ကုသနေတဲ့ သံဃာတော်တွေထဲက ဒဏ်ရာ သက်သာလို့ သံဃာ ၈ပါးဆေးရုံက ဆင်းခဲ့ပြီး မနေ့က သံဃာ ၁၂ ပါးဆေးရုံက ဆင်းတယ်လို့ သိရပါတယ်။